၅ ဒီဇင်ဘာ ၂၀၂၃
နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လု့ပ်ငန်း (AD)လိုင်စင်ရဘဏ်များသည် ငွေလဲလှယ်နှုန်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်မပေးဘဲ ဈေးကွက်ပေါက်နှုန်းထားများအတိုင်း လွတ်လပ်စွာရောင်းဝယ်ဖောက်ကားနိုင်ကြပြီ ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့အကြောင်းကြာစာအရသိရပါတယ်။
နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်း ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market rate အတိုင်း လွတ်လပ်စွာဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၅ရက်ရက်စွဲပါစာဖြင့် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်။
ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့လွှဲပြောင်းရာတွင် နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန် ဖြစ်တယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါစာမှာဖော်ပြပါရှိပါတယ်။
-ymg/knl