Published_ 20 October 2023

မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာရှင်များကို ရုရှားနိုင်ငံတွင်ကင်ဆာရောဂါများကို ကုသပေးနေသည့်ဆေးဝါးများကို အသုံး ပြု၍ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဒေါက်တာသက်ခိုင်၀င်းနှင့်ရုရှားနိုင်ငံ စန့်ပီတာစ်ဘတ်အစိုးရအဖွဲ့၀င်ပြည်ပဆက်ဆံရေးကော်မတီဥက္ကဌ Mr.Grigoriev Evgency Dmitrievich တို့တွေ့ဆုံစဉ် ကမ္ဘာတစ်၀န်းတွင်ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိ သော ကင်ဆာရောဂါများ၊ ခေတ်မီကင်ဆာဆေးကုသမှုလုပ်ငန်းများ၌ အပြန်အလှန်နည်းပညာဖလှယ်ရေးနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ နိုင်ငံနှင့်ရုရှားနိုင်ငံစိန့်ပီတာစ်ဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှဆေးပညာရှင်များ အပြန် အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့်အတွေ့အကြုံဖလှယ်ရေးတို့အားဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင်မြန်မာ-ရုရှားနှစ်နိုင်ငံကင်ဆာရောဂါကုသမှုဆေးပညာရှင်များတွဲဖက်၍ ဆေး ကုသမှုများလုပ်ဆောင်နိုင်ရေး၊ ရုရှားနိုင်ငံမှကင်ဆာရောဂါများကုသပေးနေသည့် ဆေးဝါးများကိုအသုံးပြု၍ မြန်မာနိုင်ငံရှိကင်ဆာရောဂါဝေဒနာရှင်များအား ဆေးကုသမှုများ ဆေးကုသမှုများပေးနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆေးပညာရပ်ဆိုင်ရာညီလာခံများ၊ အစည်းအဝေးများကျင်းပ၍ ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်ဖိတ်ကြားကာ အသိပညာဖလှယ်ရေး၊နှစ် နိုင်ငံဆေးပညာကဏ္ဍပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 20 October 2023
#YMG #Yangon_Times #Yangon_Media_Group