Published_ 17 October 2023

နောက်သုံးရက်အတွင်း အောက်တိုဘာလ(၂၀)ရက်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည်ဖြစ်ပြီး ဒေသအချို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ထူးခြားသည့်အခြေအနေအဖြစ် အောက်တိုဘာလ(၁၇)ရက်နေ့လည်ပိုင်း တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် အပူပိုင်းမုန်တိုင်းငယ် တစ်ခုဖြစ်ပေါ်နေပြီး၊ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည်အနောက်မြောက် ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားသည်။

မိုးရွာသွန်းမှုအခြေအနေအဖြစ် အောက်တိုဘာလ(၁၈)ရက်မှာ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ နှင့် နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်ဟုဆိုသည်။

နောက်နှစ်ရက်အတွင်း မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times