Published_ 4 October 2023

GACC စနစ်နှင့်မွေးမြူထားသည့်ရေထွက်ကုန်များ တရုတ်သို့တရားဝင်တင်ပို့ခွင့် ရရှိသည့်အတွက် မွေးမြူသူများတွက်ခြေကိုက် နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရေထွက်ကုန်ဈေးကွက်ကြီးမားသည့် တရုတ်နိုင်ငံသို့ GACC စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တရုတ် - မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားဝင်တင် ပို့ခွင့်ရရှိသည့်အတွက် ဒေသခံ မွေးမြူရေးသမားများအတွက် ပိုမိုတွက်ခြေကိုက်နိုင်ကြောင်းသိရသည် ။

" အရင်ကမွေးမြူထားတဲ့ငါးတွေကို တရားဝင် တင်လို့မရဘူး။ အခု တရားဝင် တင်ပို့ခွင့်ရတော့ ဒေသခံတွေ အကျိုးရှိမှာပါ။ GACC စနစ်နဲ့ညီအောင် တော့ဆောင်ရွက်ရမှာပါ ။ GACCစနစ်ကပိုးမွှားကင်းစင်ဖို့ လိုပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည် ။

ယခင်က မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးရရှိသည့် ငါးများကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး လက်ရှိတွင် မွေးမြူရေးငါးများကိုလည်း တရားဝင် တင်ပို့၍ ရပြီဖြစ်ကြောင်းသိရသည်။

ထို့အပြင်တရုတ်ဈေးကွက်သို့ ရေရှည်တင်ပို့နိုင်ရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊စည်းကမ်း ချက်များနှင့်အညီ မွေးမြူထုတ်လုပ်တင်ပို့ရန် လိုအပ်သည့်အတွက် လိုအပ်သည့် စံချိန်စံညွှန်းနှင့်အညီ စဉ်ဆက်မပြတ် ပို့နိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာအတွင်း ပြည်ပသို့ ကန်ဒေါ်လာ ၂၇၆ သန်းကျော်တန်ဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၇၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
Yangon_Times/NN
#Local_News
#YMG #Yangon_Times #Yangon_Media_Group