“ဒီစာများသည် မမှန်ပါဘူး အတုများဖြစ်ပါတယ်။

ဒီလိုသတင်းတုတွေဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရ ထိုးနှက်မှုကို အချိန်ကိုက်လုပ်ဆောင်နေကြခြင်းဖြစ်တယ်”

ဗိုလ်ချုပ်ဇော်မင်းထွန်း

၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများ ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာများသည်  လုပ်ကြံထားသည့် အမိန့်ကြော်ငြာစာအတုများသာဖြစ်​ကြောင်း  နစက သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း အတည်ပြုပြောကြားပါတယ်။