#Local_News
Published_ 30 September 2023


၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များရုပ်သိမ်းခြင်းဟူ၍ ဆိုရှယ်မီဒီယာပေ့ချ်အချို့တွင် ရေးသားနေကြသည်မှာ သတင်းတုသတင်းမှားများသာဖြစ်ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်‌ဖြေရှင်းလိုက်ကြောင်း သိရသည်။

 

လူမှုကွန်ရက်ပေါ်တွင်ပျံနှံ့လာသည့် မြန်မာနိုင်ငံအတွင်းလက်ရှိသုံးစွဲလျက်ရှိသည့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များအား ရုတ်သိမ်းလိုက်ကြောင်း စက်တင်ဘာ(၂၉)ရက်ရက်စွဲဖြင့် ဗဟိုဘဏ်မှထုတ်ပြန်သည်ဟု အမိန့်ကြေညာစာအတုထွက်ပေါ်ခဲ့သည်။

 

 အဆိုပါ ထုတ်ပြန်ချက် အမိန့်ကြေညာစာများသည် သတင်းတုသတင်းမှားများသာ ဖြစ်ကြောင်း၊ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်မှလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

ထုတ်ပြန်ချက်အတု၌ (၅၀)ကျပ်တန်၊ (၁၀၀) ကျပ်တန်များအား စက်တင်ဘာ (၂၉ )ရက်နံနက်( ၆ )နာရီမှစတင်၍ ရုတ်သိမ်းလိုက်သည်ဟု ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၂၇/ ၂၀၂၃)ဖြင့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၄၁ တို့အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ရေးသားထားကြောင်းသိရသည်။

 

#Local_News #၅၀ကျပ်တန်နှင့်၁၀၀ကျပ်တန် #ဆိုရှယ်မီဒီယာပေ့ချ်အချို့ #နစကမှထုတ်ပြန်ဖြေရှင်း #tthl #Yangon_Times