#Local_News
Published-12 September 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦး ကိုစက်တင်ဘာလ ၁၂ရက်(ယနေ့)ထပ်မံစေလွှတ်ခဲ့ကြောင်းသိရသည်။

 

ယခု စက်တင်ဘာလအတွင်း တောင်ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သား (၁၄၂)ဦးကို စက်တင် ဘာလ ၅ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့်ဘစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။

 

အဆိုပါအလုပ်သမားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်းသိရသည်။


#Local_News #ကုန်ထုတ်လုပ်သားသစ် # EPS စနစ်
#Yangon-Times/PP