Published_ 11 September 2023

YBS နံပါတ် ၇၆ ပေါ်က ပြုတ်ကျ၍ ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်က လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု သာကေတမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အနော်မာ မှတ်တိုင်အနီးတွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ကြောင်းသာကေတမြို့နယ် လူမှုကူညီရေးအသင်းကနေ သိရသည်။

ပြည့်ကျပ်နေ‌သော အဆိုပါကားပေါ်အတက်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နောက်ဘီးဖြင့် တက်ကြိတ်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊သေဆုံးသူနှင့်ဒဏ်ရာ ရသူ နှစ်ဦးတို့မှာ အသက် ၂၀ ခန့်အရွယ် လူငယ်များဖြစ်ကြကာ ခရီးသည်များကြိတ်တိုးဝှေ့၍ YBS ပေါ်တက်သည့်အချိန်နှင့် ယာဉ်အးထွက်သည့်အချိန် တိုက်ဆိုင်ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တစ်ယောက်က သေတယ်၊တစ်ယောက်က နဖူးပေါက်တယ်၊ သေသူရော ဒဏ်ရာ ရသူရော ရန်ကုန်ဆေးရုံကြီးကိုပို့လိုက်ပါတယ်"ဟု သာကေတလူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

အဆိုပါအခင်းဖြစ်နေရာသို့အမတ္တဂဝေသီလူမှုကူညီရေးအသင်း ၊မနောဖြူလူမှုကူညီရေးအသင်း သာကေတလူမှုကူညီရေးအသင်းတို့က လိုက်ပါကူညီပေးခဲ့ကြကြောင်းသိရသည်။
Yangon _Times/PP
#Local_Nwes
#YMG #Yangon_News