Published_ 6 September-2023

ယခုလအတွင်း ကျင်ပမည့် အာရှအား ကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး‌ဘောလုံးအသင်း အနေဖြင့် ခြေစမ်းပွဲများ ဆက်တိုက်ကစားလေ့ ကျင့်လျက်ရှိသည်။

ယင်းသို့ လေ့ကျင့်ပြင်ဆင်ရာ၌ ပြည်တွင်း အမျိုးသမီးဘောလုံးကလပ်အသင်းများဖြင့် ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။

ယမန်နေ့ စက်တင်ဘာ (၅)ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် FIFA-MFF U15 League (Lower Myanmar) ရာသီဝက်ချန်ပီယံ ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းနှင့် ခြေစမ်းကစားခဲ့ကြသည်။

ထိုသို့ကစားရာတွင် မိနစ် ၃၀ မိနစ်တစ်ကြိမ် သုံးပိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် သရေ ရလဒ်ထွက်ပေါ်ခဲ့ကာ တတိယပိုင်းတွင် ရခိုင်အသင်းက ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

(၁၉)   ကြိမ်မြောက်    အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ( ၄၀ ) မှ   ပြိုင်ပွဲ အမျိုးအစား( ၄၈၁) မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။
Yangon_Times/MY
#Local_News
#YMG #Yangon_Times