Published_ 6 September 2023

လေထုအရည်အသွေးတိုင်းတာရေးလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်ဩဂုတ်လတစ်လတာပြည်နယ်နှင့်တိုင်းအသီးသီးရှိလေထုအရည်အသွေး တိုင်းတာချက်ရလာဒ်များကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါရလာဒ်တွင် ဒေသတော်တော်များများမှာ ကောင်းမွန်သောလေထုအရည်အသွေးများရှိသော်လည်း ကလေးမြို့၊ကသာမြို့နှင့်မော်လမြိုင်မြို့များတွင် ခံနိုင်ရည်နည်းပါးသောသူများအတွက်ကျန်းမာရေး ထိခိုက်စေနိုင်သည့်လေထုအရည်အသွေးအဆင့် လေထုအရည်အသွေးညွှန်းကိန်း(၁၀၁-၁၅၀)ဖြစ်နေပြီး (၂.၅)မိုက်ခရိုအရွယ်အစားရှိသည့် အမှုန်အမွှားများ ရှိနေသည်ဟုဆိုသည်။

တောင်ဒဂုံ၊အောင်မြေသာစံ၊ပြင်ဦးလွင်၊မုံရွာ၊ကသာ၊မြစ်ကြီးနား၊မော်လမြိုင်မြို့များတွင် လက်ခံနိုင်သည့် လေထုအရည်အသွေးအဆင့်(၅၁-၁၀၀)ရှိပြီး ကျန်ပြည်နယ်နှင့်တိုင်းအသီးသီးရှိမြို့များ၌ လေထုအရည် အသွေးကောင်းမွန်သောအဆင့်(၀-၅၀)ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ထုတ်ပြန်ချက်များ အရသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times