Published_ 4 September 2023

အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မှု အလားအလာများကို ဝါရှင်တန်မြို့ရှိ အင်းဒိုနီးရှားသံရုံး၌ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှုအဖြစ် ACW ကော်မတီအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးမှ ဦးဆောင်၍ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့ရုံးမှ သမ္မတ၏ ဒုတိယ လက်ထောက်နှင့် အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး Dr. Kurt Campbell ဦးဆောင်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမှုအဖြစ် ဩဂုတ် ၃၁ ရက်က အင်ဒိုနီးရှားသံရုံး၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည်ခံခဲ့တာဖြစ်ပါတယ်။

အဆိုပါ အလုပ်သဘောနေ့လယ်စာ စားပွဲတွင် စက်တင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့သို့ အမေရိကန်နိုင်ငံခေါင်းဆောင်ပိုင်းမှ ပါဝင်တက်ရောက်မည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဆိုပါအစီအစဉ်သို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံ သံအမတ်ကြီးများ၊ အခြားအာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
#YMG #Yangon_Times