#Local_News
Published 3 September 2023

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက် ၄ နာရီမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီး ရင်ပြင်တော်ပေါ် တင်နေသည့် မိုးရေကို ရေစုပ်စက်များဖြင့် စုပ်ထုတ်ခဲ့ရကြောင်း သိရသည်။

 

ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ၂ ဒသမ ၈၇ လက်မခန့် ရှိကြောင်း၊ မိုးရွာသွန်းခဲ့သောကြောင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက
ပြီးခဲ့သည့် မေလအတွင်း မိုခါမုန်တိုင်းကာလက ရွာသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ယင်းနောက်ပိုင်းတွင် ရေဝင်မှုမရှိစေရန် ပြုပြင်ထားခဲ့သည့် စူဠာမဏိဘုရား တွင် ယခု မိုးရေချိန်ကြောင့် ရေဝင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

သို့သော်အာနန္ဒာဘုရား ပရဝုဏ်အတွင်း ဘုရားရင်ပြင်တွင်ရေ အနည်းငယ်ဝပ်၍ အနိမ့်ဆုံးနေရာတွင် ၇ လက်မခန့်နှင့် အမြင့်ဆုံးနေရာတွင် ၂ လက်မခန့်၊ ရွှေစည်းခုံဘုရားရင်ပြင်တွင်လည်း မြေအနိမ့်ဆုံးနေရာ ၁၀ လက်မခန့်နှင့် အမြင့်ဆုံးနေရာ ၃ လက်မခန့်ရှိခဲ့သောကြောင့် ရေစုပ်စက်များဖြင့် စုပ်ထုတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

#Local_News #ပုဂံဒေသတွင် မိုးကြီး #ရွှေစည်းခုံဘုရားနှင့် အာနန္ဒာဘုရားရင်ပြင်
#မိုးရေများကိုစက်များဖြင့်စုပ်ထုတ်
Yangon_Times/PP