Published-19 July 2023

စင်္ကာပူနိုင်ငံ ပတ်စ်ပို့ သည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးပတ်စ်ပို့အဖြစ် ဂျပန်နိုင်ငံကို ကျော်ဖြတ်ရောက်ရှိသွား တယ်လို့ အင်္ဂါနေ့ကထုတ်ဝေတဲ့ ဟင်လေပတ်စ်ပို့ အညွန်းကိန်းအရ သိရပါတယ်။


၂၀၂၁ခုနှစ်တုန်းက စင်္ကာပူဟာ ဗီဇာမလိုဘဲ နေရာပေါင်း ၁၉၄ နေရာသွားနိုင်တဲ့ ပတ်စ်ပို့အဖြစ် ထိပ်ဆုံးနေရာရှိခဲ့ပါတယ်။ အဲဒီတုန်းက ဂျပန်ရဲ့နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ဟာ ၁၉၃နေရာ ဗီဇာကင်းလွတ်တဲ့ ပတ်စ်ပို့အဖြစ်ဒုတိယနေရာ လိုက်ခဲ့ပါတယ်။ စင်္ကာပူဟာ ၂၀၂၂ခုနှစ်အရောက်မှာ တောင်ကိုရီးယားနှင့်အတူ ၁၉၂နေရာ ဗီဇာမလိုပတ်စ်ပို့အဖြစ် ဒုတိယနေရာရခဲ့ပါတယ်။ဂျပန်က ၁၉၃ နေရာနှင့် ပထမအဆင့်ရရှိထားတာပါ။


ယခုနောက်ဆုံးအဆင့်သတ်မှတ်ချက်အရ ဂျပန်ဟာ တတိယနေရာ ပြုတ်ကျသွားပြီး ဗီဇာကင်းလွတ်တဲ့နေရာ ၁၈၉ နေရာပဲရှိပါတော့တယ်။ တတိယနေရာမှာ ဂျပန်နှင့်အတူ ဩစတြီးယား၊ဖင်လန်၊ပြင်သစ်၊လူဇင်ဘတ်၊တောင်ကိုရီးယားနှင့် ဆွီဒင်တို့ အဆင့်တူရှိနေပါတယ်။


အီတလီ၊ဂျာမနီနှင့်စပိန်တို့ဟာ နေရာပေါင်း ၁၉၀ ဗီဇာမလိုသွားနိုင်ပြီး ဒုတိယနေရာပူးတွဲရရှိထားတယ်လို့ လန်ဒန် အခြေစိုက် လူဝင်မှုဆိုင်ရာအကြံပေး ဟင်လေအင်န်ပါတနာအဖွဲ့က ထုတ်ဝေတဲ့စာရင်းအရသိရပါတယ်။


အောက်ဆုံးအဆင့်ရှိနေတဲ့နိုင်ငံက အာဖဂန်နစ္စတန်ဖြစ်ပြီး ၂၇နေရာဗီဇာမလိုအဆင့်ရှိပါတယ်။ အောက်ဆုံငါးနိုင်ငံက ယီမင်(၉၉)၊ ပါကစ္စတန်(၁၀၀)၊ဆီးရီးယား(၁၀၁)နှင့် အီရတ်(၁၀၂)တို့ ဖြစ်ကြပါတယ်။


Source: The Nation #စင်္ကာပူပတ်စ်ပို့ကဂျပန်ကိုကျော်ဖြတ်အဆင့်(၁)ချိတ်

#Yangon_Times