#Local_News
Published-19 July 2023

ကားငှားစီး၍ကားပေါ်တွင် လက်ကိုင်ဖုန်းကျန်ခဲ့၍  ပိုင်ရှင်ဖြစ်သူဆီ​လာပြန်ပေးသည့် တက္ကစီယာဉ်မောင်းကို တက္ကစီယာဥ်မောင်းများအနေဖြင့် အတုယူသင့်ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင်ဝိုင်းဝန်းချီးကျူးပြောဆိုနေကြသည်။

 

ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် Taxi   MDY CC/3819 ကို မောင်းနှင်နေသည့် ယာဉ်မောင်း ဖြစ်သူသည်သူ၏ ကားပေါ်တွင် ခရီးသည်​မေ့ကျန်ခဲ့သည့် ဖုန်းကိုပိုင်ရှင်ဖြစ်သူထံ ပြန်လာပေးခဲ့၍  ခရီးသည်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတစ်ဆင့်မျှဝေခဲ့ပြီး လူအများက ချီးကျူးပြောဆိုနေကြသည်။

 

ခရီးသည်က “ကျွန်တော် ၉ နာရီကျော်က သံသုမာလမ်းကနေ ကျွန်တော့်အိမ်ကိုငှားလာတာဆင်းမယ့်နေရာလဲရောက်ရော ကားခက နှစ်ထောင်တဲ့ အဲ့ဒါနဲ့ ၅၀၀၀ တန်ထုတ်ပေးလိုက်ရော ပြန်အမ်းဖို့ အကြွေမပါဘူးတဲ့။ အဲ့ဒါနဲ့အသိအိမ်ရှေ့မှာ ရပ်တော့ခဏလေး အကြွေလဲပြီး ပြန်လာပေးမယ် အစ်ကိုဆိုတော့ရတယ်တဲ့။ ကျွန်တော်လဲ ဆင်းပြီးတစ်ထောင်တန် ငါးရွက်လောက် လဲပေးပါ ဆိုပြီး အသိဆီက လဲပြီး Taxi အစ်ကိုကိုနှစ်ထောင်ပေးလိုက်တယ်။ သူလည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောတယ်ကိုယ်လည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောပြီးသူကားထွက်သွားတယ်။ တစ်အောင့်ကြာတော့ အသိကို စကားပြော နှုတ်ဆက်ပြီးဖုန်းကို သတိရသွားတယ်။ ဖုန်းမရှိတော့ဘူး ကားပေါ်ပါသွားပြီလို့ အသိကိုယ်ပြောရင်း အသိဖုန်းနဲ့ လှမ်းဆက်တယ် တစ်ခါခေါ်တာမကိုင်ဘူး နောက်တစ်ခါ ထပ်ခေါ်မှ ဖုန်းကိုင်တယ်။ အစ်ကို ကျွန်တော် ခုနက ကားငှားတဲ့ ညီလေးပါ ဖုန်းလေးကား ပေါ်ပါသွားလို့ ခုန နေရာလေးကို ပြန်ပို့ပေးပါလားလို့ပြောတော့ သူက ဖုန်းနဲ့ပြန်ပြောရင်း ခုနနှစ်ထောင်နဲ့ ငှားတဲ့ညီလားတဲ့ ဟုတ်ကဲ့ပါ အစ်ကိုပြောတော့အခု အဲ့နေရာကို ပြန်လာပို့ပေးမယ်တဲ့ စောင့်နေတဲ့မကြာပါဘူး ပြန်ရောက်လာပြီး ဖုန်းကိုပြန်ပေးတယ်။ကျွန်တော်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အကိုမုန့်ဖိုးလေးပြန်ယူသွားပါလို့ အတင်းပေးခဲ့ရတယ်။ ဘာပဲပြောပြောအခက်အခဲတွေ ကြားထဲကစိတ်ထားမွန်မြတ်တဲ့ လူတစ်ယောက်ကို တွေ့ရလို့ကျေးဇူးအများကြီးတင်ပါတယ်"ဟု ရေးသားထားသည်။

 

ယင်းအ​ပြင်ခရီးသည်က "တန်ဖိုးအများကြီး မရှိသော်လည်း  စိတ်ထားကောင်းစွာပြန်လာပေးသည့်  အစ်ကိုတူသောအကျိုးတူသော စေတနာလက်ငင်း မြန်စွာ ရပါစေ” ဟု ဆုတောင်းပေးထားသည်။

 

#Local_News #ဖုန်းကို ပိုင်ရှင်ခရီးသည်ဆီလာပြန်ပေးသူတက္ကစီယာဉ်မောင်း
#Yangon_Times/BM