#Local_News
Published_ 30 May 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၃၁)ဦးကို မေလ၃၀ရက်(ယနေ့) စေ လွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။

ယင်းကဲ့သို့စေလွှတ်ခဲ့သည့်မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉)ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

မေလ၁၆ရက်ကလည်း EPSစနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၁၃၅ဦး၊ စိုက်ပျိုး/မေွးမြူရေးလုပ်သားသစ်၁၅ဦး၊ စုစုပေါင်း(၁၅၀)ဦးကို စေလွှတ်ခဲ့ကြောင်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group