Published 20 Nov 2022

? အမေရိကန် နိုင်ငံ ကိုလာရာဒိုးပြည်နယ် ကိုလိုရာဒိုစပရင်းရှိ ဂေးနိုက်ကလပ်တစ်ခုတွင် စနေနေ့ည က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လူ(၅)ဦးသေဆုံးပြီး (၁၈)ဦးဒဏ်ရာရ

? ကလပ်ကျူ Club Q လို့အမည်ပေးထားတဲ့ အဆိုပါဂေးနိုက်ကလပ်မှာ သံသယရှိသူကို ထိန်းသိမ်းထားပြီး ဒဏ်ရာတွေကို ကုသပေးနေတယ်လို့ ကိုလိုရာဒိုးစပရင်း ရဲတပ်ဖွဲ့မှ ရဲမှူး ပါမလာ ကက်စထရိုက ပြော

? သေနတ်ပစ်ခတ်မှုဖြစ်ပွားမှုမတိုင်ခင် ရဲက ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပြီး အဲဒီကလပ်ကိုရောက်တဲ့အခါ ကလပ်ထဲမှာ တရားခံလို့သံသယဖြစ်ရတဲ့သူတစ်ဦးကိုတွေ့ရှိခဲ့ဟု ကတ်စ်စထရိုကပြော

? သို့သော် ပစ်ခတ်ရခြင်းအကြောင်းကိုမူ သူမကမပြောဆိုသည့်အပြင် ပစ်ခတ်သူဟာ ဘယ်လိုသေနတ်မျိုးသုံးခဲ့သလဲ ဆိုတာကိုလည်း ပြောဖို့ငြင်းဆို

? Club Q ဟာ ဂေးနှင့်လိင်တူဆက်ဆံသူများရဲ့နိုက်ကလပ်ဖြစ်ပြီး ကာရာအိုကေ၊ဒရက်ရှိုးနှင့်ဒီဂျေတွေဖျော်ဖြေမှုတွေ ရှိတယ်လို့ သူတို့က ဂူးဂဲလ်မှာဖော်ပြထား

? ကျွန်န်ုပ်တို့ အသိုက်အဝန်းကို အကြောင်းမဲ့ တိုက်ခိုက်မှုကြောင့် ကလပ်ဟာ ထိခိုက်ပျက်စီးမှုတွေဖြစ်ရတယ်။ သေနတ်သမားကို ဝိုင်းဝန်းနှိမ်နှင်းပေးပြီး ဒီအမုန်းတိုက်ခိုက်မှုကိုရပ်တန့်ပေးတဲ့ သူရဲကောင်းဖောက်သည်တွေကို ကျေးဇူးတင်ပါတယ်ဟု ကလပ်က သတင်းထုတ်ပြန်

Source Reuters/AP

#Colorado_Springs

#Gay_nightclub_shooting

#Club_Q