Published 20 Nov 2022

၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားကျင်းပတဲ့အချိန်မတိုင်ခင် ကြာသပတေးနေ့က ဒိုဟာမြို့တော်မှာ ပထမဆုံး ပန်ဒါအိမ်ကလေးကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။

ပန်ဒါအိမ်ဟာ အယ်ဘတ်အားကစားရုံအနီး မယ်ခါပန်းခြံမှာ တည်ရှိပါတယ်။ အဲဒီပန်ဒါအိမ်မှာ တရုတ်ပန်ဒါဝက်ဝံကြီး စုံတွဲရဲ့ နေအိမ်ဖြစ်ပါတယ်။ သူတို့ကလေးတွေကတော့ အသက်၃နှစ်အရွယ်ရှိပန်ဒါမလေး ဆီဟိုင်းနှင့် အသက် ၄နှစ်အရွယ် ပန်ဒါထီးကလေး ကျင်ကျင်တို့ဖြစ်ကြပါတယ်။

ဒီပန်ဒါအတွဲဟာ အရှေ့အလယ်ပိုင်းဒေသအတွက် ပထမဆုံးပန်ဒါတွေဖြစ်ကြပါတယ်။  သူတို့ကို အာရပ်အမည်လည်း ပေးထားပါတယ်။ ကျင်ကျင့်ကို ဆူဟေးအမည်၊ ဆိုဟိုင်းကို ဆိုရာယာအမည် အသီးသီးပေးထားကြပါတယ်။ အဓိပ္ပါယ်ကတော့ ကောင်းကင်ကကြယ်ပွင့်များလို့ဆိုပါတယ်။

ကာတာဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ရှိတ်ခါလစ်ဘင်ကာလီဖာဘင်အက်ဘ်ဒူလာဇစ်အယ်သန်နီက ပန်ဒါအိမ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ကာတာဆိုင်ရာ တရုတ်သံအမတ် ကျုံးကျန့်လည်း တက်ရောက်ခဲ့ပါတယ်။ပန်ဒါကိုချစ်တဲ့ မြို့က ကလေးငယ်တွေကိုလည်းအခမ်းအနားဖိတ်ခဲ့ပါတယ်။

“ ပန်ဒါကို သားချစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သားရဲ့အိပ်မက် တကယ်ဖြစ်လာတာလေ။ ပြီးတော့ ပန်ဒါကို အခုမှ အပြင်မှာ မြင်ဖူးတာ။ သားက ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေကို သဘောကျတယ်” လို့ ကလေးငယ်တစ်ဦးက ပြောပါတယ်။

ပန်ဒါအိမ်ဟာ ဒိုဟာမြို့တော်မြောက်ပိုင်း ၅၀ကီလိုမီတာအကွာအရပ်မှာရှိပြီး ၂၀၂၁ က တည်ဆောက်ခဲ့ပါတယ်။ ပန်ဒါလေးတွေ ကျန်းကျန်းမာမာဘေးကင်းကင်းနေနိုင်ဖို့ ပန်ဒါအိမ်နှင့်အတူ ပြုစုရေးအခန်း၊ကုသရေးအခန်း၊ အစားအစာ ပြင်ဆင်ရေးအခန်းနှင့် လေအေးစက်တပ်ပေးထားတဲ့ ကစားကွင်းကလေးကိုပါ ပူးတွဲတည်ဆောက်ပေးထားပါတယ်။

အဲဒီအပြင် ပန်ဒါအိမ်အတွက် အတွေ့အကြုံရှိတဲ့ မျိုးဖောက်သူတွေနှင့် တိမွေးကုဆရာဝန်တွေကို အလုပ်ခန့်ထားပါတယ်။ အဲဒီအပြင် တရုတ်နိုင်ငံ စောင့်ရှောက်ထိန်းသိမ်းရေးနှင့်သုတေသနဌာနက မျိုးဖောက်သူနှစ်ဦးနှင့် တိမွေးကုဆရာတဝန်တစ်ဦးတို့ကို  အလွှဲအပြောင်းကာလမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒိုဟာကိုစေလွှတ်ထားပါတယ်။

ပန်ဒါဟာ ဝါးတွေအပြင် မုန်လာဥ၊ပန်းသီးနှင့် တရုတ်ရိုးရာပန်ကိတ်တွေကို စားသုံးပါတယ်။

၂၀၂၀ပြည့်နှစ်မှာ တရုတ်နှင့် ကာတာတို့ချုပ်ဆိုတဲ့ စာချုပ်အရ ဒီပန်ဒါကလေးနှစ်ကောင်ဟာ ကာတာမှာ ၁၅နှစ်ကြာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။

ဆီဟိုင်းနှင့် ကျန်ကျန်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ ပေါက်ဖွားခဲ့ပါတယ်။ ဆီဟိုင်းဟာ သစ်ပင်တက်ရတာသိပ်ပျော်တဲ့ ပန်ဒါသမီးကလေးဖြစ်ပြီး ကျန်ကျန်ကတော့ အစားသိပ်ပုတ်တဲ့ ကောင်ကလေးဖြစ်ပါတယ်။

ဆီဟိုင်းနှင့် ကျန်ကျန်တို့ဟာ အောက်တိုဘာ ၁၉ရက်နေ့က ကာတာကိုရောက်ရှိခဲ့ကြပြီး ပြည်သူတွေကိုမပြသခင်မှာ သူတို့ကလေးတွေလည်း ၂၁ရက် ကွာရန်တင်းဝင်ခဲ့ကြရသေားကြောင်းသိရပါတယ်။

Source: CCTV+

#Giant_Panda_Couple_House_Doha

#2022_World_Cup_Panda_House

#Jing_Jing_Si_Hai