#World_Health
Published 19 October 2022

 

အခုခေတ်မှာ တီဗီ၊ လက်ကိုင်ဖုန်းစတဲ့ပစ္စည်းများ အကြည့်များလာတာကြောင့် အသက် ၆ နှစ်ခန့်ကလေးတွေဟာ လူကြီးတွေခံစားရလေ့ရှိတဲ့ မျက်လုံးပြဿနာမျိုးခံစားရနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။

 

မျက်လုံးခြောက်သွေ့ရောဂါဆိုတာက မျက်ရည်အလုံအလောက် မထုတ်လုပ်နိုင်ဘဲ မျက်လုံးအတွက် ချောမွေ့ခြင်းမရှိတော့တာပါ။

 

ဒီအခြေအနေဟာ အသက် ၅၀ နဲ့ ၆၀ လူကြီးတွေမှာ ဖြစ်တတ်ပြီး မကုသဘဲနေလိုက်ရင် မျက်လုံးကြမ်းတမ်းခြင်း၊ နာကျင်နီရဲခြင်း၊ မျက်လုံးအထိမခံနိုင်ခြင်းများ ဖြစ်လာတတ်ပါတယ်။

 

ဒီခံစားမှုမျိုးဟာ ကြက်သွန်နီလှီးရင်း မွှန်တဲ့ခံစားမှုမျိုးနဲ့ နှိုင်းယှဉ်လို့ရပါတယ်။

 

မျက်စိအထူးကုဆရာဝန်'ဆာရာဖာရန့်'က မူလတန်းအရွယ်ကလေးများကို စတင်လေ့လာကြည့်ခဲ့ပါတယ်။

 

မျက်စိခြောက်သွေ့ခြင်းဖြစ်ရတာဟာ တီဗီ၊ ဖုန်းအကြည့်များလာခြင်းကြောင့်ဖြစ်ပြီး မျက်တောင်ခတ်နှုန်း သိသိသာသာကျဆင်းလာပါတယ်။

 

လွန်ခဲ့တဲ့ ၁၅ နှစ် ဆေးခန်းစဖွင့်တုန်းက ဒီလိုမျိုးဖြစ်တဲ့ကလေးမျိုး တစ်ယောက်တောင်မတွေ့ခဲ့ရကြောင်း၊ အခုနောက်ပိုင်းနှစ်တွေမှာတော့ မျက်လုံးခြောက်သွေ့ခြင်းခံစားရတဲ့ ကလေးတွေ ပိုပိုများလာကြောင်း၊ အငယ်ဆုံးလူနာဆိုရင် အသက် ၆ နှစ်မျှသာ ရှိသေးကြောင်း ပြောပြခဲ့ပါတယ်။

 

ကလေးငယ်တွေမှာ မိတ်ကပ်လိမ်းလာကြတာကလည်း မျက်လုံးတစ်ရှူးတွေကို ထိခိုက်စေပြီး မကုသဘဲထားလိုက်ရင် မျက်ခွံထဲရှိ မျက်ရည်ထုတ်လုပ်တဲ့ဂလင်းများ တသက်တာပျက်စီးသွားနိုင်ပါတယ်။

 

မျက်လုံးခြောက်သွေ့ခြင်းအတွက် ဆေးဝါးပစ္စည်းများထုတ်လုပ်နေတဲ့ Thea Pharmaceuticals မှ ဒေါက်တာ'မက်သယူးအော်လ်ဆန်'က အသက်အရွယ်မရွေး မျက်လုံးများကို သေချာသတိထားစောင့်ကြည့်သင့်ကြောင်း၊ ဒီရောဂါက ဘဝအခြေအနေအပေါ် သက်ရောက်မှုကြီးမားကြောင်း ပြောပြသွားပါတယ်။

 

Source: Daily Mail
#Yangon_Media_Group