#World_Health
Published 4 September 2022

 

အူမကြီးကင်ဆာက ကင်ဆာတွေထဲမှာ ဒုတိယအသေအပျောက်အများဆုံးဖြစ်ပေမယ့် ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။

 

အိမ်တွေမှာ ဝယ်ယူသိမ်းဆည်းထားကြလေ့ရှိတဲ့ ကုန်ခြောက်မုန့်ခြောက်တွေက အဓိကဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ဘီစကစ်တွေ၊ မုန့်တွေ၊ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ စတဲ့ အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ စားစရာတွေကို စားသုံးလေ့ရှိသူတွေက အူမကြီးကင်ဆာဖြစ်နိုင်ချေပိုများတာကို တွေ့ရှိရပါတယ်။

 

အသင့်စားအသားတွေ၊ သကြားဓာတ်ပါတဲ့ အချိုရည်တွေ၊ ဝက်အူချောင်းတွေနဲ့ အခြားသောအသားတွေကို ထိုစာရင်းထဲ သတ်မှတ်နိုင်ပါတယ်။

 

အမေရိကန်မှ အမျိုးသား ၄၆,၀၀၀ နဲ့ အမျိုးသမီး ၁၆၀,၀၀၀ နီးပါးကို ရေရှည်လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။

 

ထိုလူများကို ဆယ်စုနှစ် ၂ ခု ၃ ခုခန့် စောင့်ကြည့်ပြီးနောက် အူမကြီးကင်ဆာဖြစ်ပွားသူ ၃,၂၀၀ တွေ့ရှိခဲ့ပါတယ်။

 

အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ စားစရာတွေကို အများဆုံးစားသုံးသူတွေက အနည်းဆုံးစားသုံးသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ချေ ၂၉ ရာခိုင်နှုန်း ပိုများပါတယ်။

 

ထပ်မံခွဲခြားလေ့လာခဲ့ရာမှာ အသင့်စားအသားတွေစားတဲ့ အမျိုးသမီးတွေက ပိုဖြစ်နိုင်ချေများ ပါတယ်။

 

သကြားဓာတ်ပါတဲ့ အချိုရည်တွေက အမျိုးသားတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ၂၁ ရာခိုင်နှုန်းပိုများပါတယ်။

 

အစားအသောက်နေထိုင်မှုစရိုက်က မျိုးဗီဇ၊ အသက်အရွယ်များအရ အူမကြီးကင်ဆာဖြစ်နိုင်ချေနဲ့ ပတ်သက်နေကြောင်း အထောက်အထားတွေ့ရှိထားပါတယ်။

 

အမေရိကန်လူမျိုးများ နေ့စဉ်စားသောက်တဲ့ ကယ်လိုရီစုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်းခန့်က ထုပ်ပိုးထားတဲ့ အစားအစာများဖြစ်ပါတယ်။

ဂျာနယ်တစ်ခုမှာ ဖော်ပြထားချက်အရ ထုပ်ပိုးထားတဲ့ စားစရာကို အများဆုံးစားသုံး အီတလီလူမျိုးတွေ စောစီးစွာအသက်ဆုံးပါးနိုင်ချေ များနေပါတယ်။

 

အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားတဲ့ စားစရာတွေမှာ အဆီ၊ သကြား၊ ဆားများ ပေါများစွာပါဝင်ပြီး အမျှင်ဓာတ်နဲ့ အဟာရဓာတ်များနည်းပါးပါတယ်။

 

အချိုစားစရာတွေက အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတယ်ဆိုတာ သိပ်မသိပါဘူး။

 

ဥပမာအားဖြင့် ကွေကာ၊ ပီဇာ၊ ပေါင်မုန့်တို့ကို ကျန်းမာရေးဆိုးစေတဲ့စားစရာလို မသတ်မှတ်ကြပါဘူး။

 

အူမကြီးကင်ဆာက အူမကြီးနေရာမှစတင်ကာ အူနှောင်းပိုင်းနေရာ၊ စအိုအထိ ပါဝင်ပါတယ်။

 

ယူကေမှာ အူမကြီးကင်ဆာရှိသူ နှစ်စဉ် ၄၃,၀၀၀ နီးပါးရှိပြီး ၁၆,၅၀၀ သေဆုံးနေကြပါတယ်။

 

Source: The Sun
#Yangon_Media_Group