Published 2 August 2022

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီဟာ အင်္ဂါနေ့မှာ ထိုင်ဝမ်ကို သွားရောက်မယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်ရဲ့ခြိမ်းခြောက်မှုကို ကြောက်ရွံ့မှာမဟုတ်ဘူးလို့ပြောပါတယ်။

အာရှခရီးစဉ်ကို တနင်္လာနေ့စောစောပိုင်း စင်္ကာပူကနေ စတင်ခဲ့တဲ့ ပီလိုစီဟာ ထိုင်ဝမ်မှာ အင်္ဂါနေ့ည နေထိုင်မှာဖြစ်တယ်လို့ ခရီးစဉ်နှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်(၃)ခုက ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဌာနက မှတ်ချက်မပေးလိုဘူးလို့ပြောဆိုပြီး အိမ်ဖြူတော်ကတော့ သူတို့အနေနှင့် အဲဒီခရီးကို အတည်ပြု မပေးနိုင်ဘူး။ဒါပေမယ့် ပီလိုစီဟာ ထိုင်ဝမ်ကိုသွားဖို့ သူမမှာ အခွင့်အရေးရှိတယ်လို့ပြောပါတယ်။

ရိုက်တာသတင်းဌာနကို သတင်းအရင်းအမြစ်တစ်ခုကပြောတာကတော့ ပီလိုစီရဲ့ ထိုင်ဝမ်သွားရောက်မယ့်ကိစ္စ အမေရိကန် ပြည်ထောင်စုဟာ ယင်းရဲ့ မဟာမိတ်အချို့ကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်သတင်းအရင်းအမြစ်နှစ်ခု ကတော့ ပီလိုစီဟာ သူမ ထိုင်ဝမ်မှာနေစဉ်အတွင်း တရုတ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ဝေဖန်ပြောဆိုနေနဲ့ လှုပ်ရှား တက်ကြွသူ အုပ်စုလေးတစ်စုနှင့် ဗုဒ္ဓဟူးနေ့လောက်ဖြစ်ဖြစ် တွေ့ဖို့ရှိတယ်လို့ပြောနေပါတယ်။

Source Reuters