Published: 24 July 2022

တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံ မြို့တော်ဒေသမှာ ကျင်းပတဲ့ တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုမှာ သေနတ်ပစ်ခတ်မှု တစ်ခုကြောင့် လူ(၃)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ မတည်ငြိမ်တဲ့ နိုင်ငံတောင်ပိုင်းက မြို့တော်ဝန်ဟောင်းတစ်ဦးလည်းပါဝင်တယ်လို့ ရဲကပြောပါတယ်။

သေနတ်ပစ်ခတ်မှုဟာ တောင်ပိုင်း လာမီတန်မြို့တော်ဝန်ဟောင်း ရို့စ်ဖူရီဂေးကို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပုံရတယ်လို့ ကွီဇွန်မြို့ရဲဌာနမှဓး ရီမတ်စ် မီဒီနာက ပြောပါတယ်။

ကျောင်းဝင်းလုံခြုံရေးအရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပစ်ခတ်သူလို့သံသယဖြစ်သူ ဒဏ်ရာရရှိခဲ့ပြီး သူ့ကို ကားနှင့် လိုက်ဖမ်းဆီးရာမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ယခုအခါ သူ့ကို စစ်ကြောမေးမြန်းမှုတွေလုပ်နေတယ်လို့ ရဲဌာနမှူးက သတင်းထောက်တွေကိုပြောပါတယ်။

“ သူ့ကြည့်ရတာ စိတ်ပိုင်းဖြတ်ထားတဲ့ လုပ်ကြံရေးသမားတစ်ဦးဖြစ်ပုံရတယ်” လို့ မီဒီနာက ဆက်ပြောပါတယ်။

ကွီဇွန်ဟာ မြို့တော်မနီလာဒေသရဲ့ အစိတ်အပိုင်းဒေသတစ်ခုဖြစ်ပြီး မြို့ပေါင်း ၁၆မြို့နှင့် နေထိုင်င်သူပေါင်း ၁၃သန်းခန့် ရှိပါတယ်။

ဖူရီဂေးဟာ  အန်တီနီယိုဒီ မနီလာ တက္ကသိုလ် ဥပဒေကျောင်းဘွဲ့ရ သမီးဖြစ်သူရဲ့ ဘွဲနှင်းသဘင်ကို တက်ဖို့ဆဲဆဲမှာ သေနတ်နှင့် အပစ်ခံလိုက်ရတာဖြစ်ပါတယ်။အဲဒီတက္ကသိုလ်ဟာ ဖိလစ်ပိုင်ရဲ့ ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်တွေထဲမှာ တစ်ုအပါအဝင်ဖြစ်တယ်လို့ မီဒီနာကပြောပါတယ်။

သေနတ်ပစ်သမားလို့သံသယဖြစ်ရသူဟာ ဘွဲ့နှင့်သဘင်တက်တဲ့ ဆွေမျိုးသားချင်းတွေမရှိပါဘူး။ ပြီးတော့ သူဟာ ဘာဆီလန် ပြည်နယ်၊လာမီတန်ဒေသခံတစ်ဦးဖြစ်ပါတယ်။အဲဒီနေရာဟာ  ဓားပြတိုက်မှု၊ပြန်ပေးဆွဲမှုတွေ လုပ်နေတဲ့ အစ္စလမ်ထောက်ခံလိုလားသူ အစွန်းရောက်အဖွဲ့ အာဘူဆေယက်ဖ်ရဲ့ အမာခံနယ်မြေလည်းဖြစ်ပါတယ်။

နောက်ထပ်သေဆုံးသူနှစ်ဦးမှာ တက္ကသိုလ်ဝင်းလုံခြုံရေးအရာရှိနှင့် အမည်မသိ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ရဲကပြောပါတယ်။

သေနတ်ပစ်မှုကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်က ဖျက်သိမ်းခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ သေနတ်ပစ်မှုတွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူရှေ့ သေနတ်ကိုင်ဆောင်ဖို့ လိုင်စင်ရယူရန် လိုအပ်လို့ဖြစ်ပါတယ်။

ဒီလူသတ်မှုကို ဖော်ထုတ်စစ်ဆေးအရေးယူဖို့ ဥပဒေစိုးမိုးရေးအေဂျင်စီတွေက ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ကတိပေးပါတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက  သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

#Source_Reuters

#Philippines_shooting

#shooting_at_university_graduation

#Philippines_violence