Published 1 July 2022

တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရေဒေသရဲ့ ခြောက်ကြိမ်မြောက်သက်တမ်းအစိုးရ တရားဝင်စတင်ခြင်း အခမ်းအနားကို ဇူလိုင်(၁)ရက်နေ့ သောကြာနေ့မနက်က ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။

ခြောက်ကြိမ်မြောက်သက်တမ်းအတွက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရေဒေသရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဂျွန်လီနှင့် အုပ်ချုပ်ရေးအတွင်းဝန်ချုပ်အဖြစ် ချန်ကွတ်ကီတို့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဒီအခမ်းအနားကို ဟောင်ကောင်ကို တရုတ်ပြည်မကြီးသို့ပြန်လည်လွှဲပြောင်းခဲ့တဲ့ ၂၅နှစ်မြောက်အထိမ်းအမှတ်အခမ်းအနား နှင့်အတူ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်ကိုလွှဲပြောင်းရယူခဲ့တဲ့ အထိမ်းအမှတ်အခမ်းအနားမှာ သမ္မတရှီက အရေးတကြီးမိန့်ခွန်တစ်ရပ်လည်း ပြောကြားခဲ့ပါတယ်။

သမ္မတရှီက အသစ်ခန့်အပ်လိုက်တဲ့ ဟောင်ကောင်အမှုဆောင်အရာရှိချုပ်နှင့် အစိုးရအဖွဲ့သစ်ကို ချီးကျူးဂုဏ်ပြုတဲ့ အကြောင်း မိန့်ခွန်းအစမှာပြောပါတယ်။

“ နိုင်ငံတစ်နိုင်ငံ၊စနစ်နှစ်မျိုးနှင့် ဟောင်ကောင်ရဲ့ ကြွယ်ဝချမ်းသာမှုနှင့်တည်ငြိမ်မှုကို ထောက်ခံအားပေးကြတဲ့ ပြည်တွင်းပြည်ပက တရုတ်နိုင်ငံသားတွေနှင့် နိုင်ငံရပ်ခြားက မိတ်ဆွေတွေကို လှိုက်လှဲစွာကျေးဇူးတင်ပါတယ်” လို့ ရှီက ပြောပါတယ်။

“ကြိမ်ဖန်များစွာ ကြံ့ကြံ့ခံ စမ်းသပ်ခံနိုင်ခဲ့တဲ့ တစ်နိုင်ငံ စနစ်နှစ်ခုဟာ နိုင်ငံရဲ့အကျိုးစီးပွားကို ဖော်ဆောင်ပေးနေလို့ ရေရှည် စွဲမြဲစွာ ဆောင်ရွက်သွားမယ်” လို့လည်း ရှီက သတိပေးပြောကြားလိုက်တယ်။

သမိုင်းတစ်လျောက်မှာ ဟောင်ကောင်မျိုးချစ်တွေဟာ တရုတ်နိုင်ငံရဲ့ သွေးသားတွေအမြဲတမ်းဖြစ်ပြီး မိခင်ပြည်မကြီးနှင့်အတူ ရပ်တည်ခဲ့ကြတာဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

Source CCTV+