Published 28 June 2022

နေတိုးအဖွဲ့ဝင်တစ်နိုင်ငံရဲ့ ခရိုင်းမီးယားကျွန်းဆယ်ကို မည်သည့်ကျူးကျော်ထိပါးမှုမျိုးမဆို  ရုရှားကို စစ်ကြေညာတဲ့ အတိုင်းအတာဖြစ်သွားနိုင်ပြီး တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ရုရှား သမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်က မီဒီယာတစ်ခုကို ပြောလိုက်ပါတယ်။

“ ကျွန်တော်တို့အတွက် ခရိုင်းမီးယားဟာ  ရုရှားရဲ့အစိတ်အပိုင်းဖြစ်တယ်။ ပြီးတော့ ဒါဟာ အမြဲထာဝရသဘောဆောင်တယ်။ ခရိုင်းမီးယားအပေါ် မည်သည့် ကျူးကျော်ထိပါးမှုမျိုးမဆို ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာလိုက်တာပဲဖြစ်တယ်” လို့ မက်ဒီဒက်ဗ်က i Fakty သတင်းဝက်ဘ်ဆိုက်ကိုပြောပါတယ်။

“ ပြီးတော့ ဒါကို နေတိုး တစ်နိုင်ငံက လုပ်တယ်ဆိုရင် မြောက်အတ္တလန်တစ်မဟာမိတ်တစ်ခုလုံးနှင့် ပဋိပက္ခလို့ အဓိပ္ပါယ် သက်ရောက်တယ်။  တတိယကမ္ဘာစစ်ပဲ။ အလုံးစုံကပ်ကြီးတစ်ခု” လို့ သူကဆက်ပြောပါတယ်။

ယခု ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်နေတဲ့ မက်ဒီဒက်ဗ်က ဖင်လန်နှင့်ဆွီဒင် နေတိုးကိုဝင်ရောက်ခဲ့လျှင် ရုရှားဟာ ယင်းရဲ့နယ်စပ်ကိုပိုမိုတောင့်တင်းအောင်လုပ်ရလိမ့်မယ်” လို့ပြောပါတယ်။  ဒါဟာ လက်တုန့်ပြန်တဲ့ အဆင့်တွေဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့ရဲ့အဝင်အဝတွေမှာ အစ်ကန်ဒါ ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေ တပ်ဆင်မယ့် အလားအလာတွေလည်း ပါဝင်လာလိမ့်မယ်” လို့ သူကပြောပါတယ်။

Source Reuters