Published 15 April 2022

မြောက်ကိုးရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းရဲ့ အသက်၁၁၀နှစ်ပြည့်မွေးနေ့ အခမ်းအနားကို မြောက်ကိုးရီးယားနိုင်ငံ၊ မြို့တော်ပြုံယမ်းမှာ ဧပြီ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လူထောင်ပေါင်းများစွာဟာ ကခုန်ကြပြီး မီးရှုးမီးပန်းများပါ ပစ်ဖောက်ဆင်နွှဲခဲ့ကြပါတယ်။

ဧပြီ၁၅ရက်ရက်ကို နျူကလီးယားလက်နက်ပိုင်မြောက်ကိုးရီးယားမှာ နေမင်း၏နေ့လို့ သိကြတာဖြစ်ပြီး ကင်မင်အီဆွန်းဟာ လက်ရှိ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျွန်အမ်ရဲ့ အဖိုးဖြစ်ပါတယ်။  ပြုံယမ်းရဲ့ နိုင်ငံရေးပြက္ခဒိန်ဟာ ဧပြီ၁၅ရက်ဟာ အရေးအကြီးဆုံးရက်စွဲတွေထဲက တစ်ခုဖြစ်ပါတယ်။

Source AFP