Published 8 Feb 2022

ကိုဗစ်တိုက်ဖျက်ရေးအစီအမံတွေကိုဆန့်ကျင်တဲ့ ထရပ်ကားမောင်းသမားတွေဟာ ကနေဒါနိုင်ငံ အိုတာဝါမှာ မြို့တော်ဝန်က ဆန့်ကျင်ဆန္ဒပြနေတဲ့အပေါ် အရေးပေါ်အခြေအနေကြေညာပြီး နောက်တစ်ရက်အထိ အိုတာဝါမြို့လယ်လမ်းမတွေကို ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။

ရာပေါင်းများစွာသော ထရပ်ကားတွေဟာ ကနေဒါမြို့တော်လမ်းမတွေပေါ်မှာပြည့်ကျပ်နေခဲ့တာဖြစ်ပါတယ်။ အိုတာဝါ မြို့တော်ဝန်က ကိုဗစ်စည်းကမ်းကန့်သတ်ချက်တွေကို ဆန့်ကျင်နေကြတာတွေကို အင်အားပြပြီးအဆုံးသတ်ပေးဖို့ ဖက်ဒရယ်အာဏာပိုင်တွေထံ အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီကိစ္စဟာ ရက်ကြာလာတဲ့အတွက် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ရမလို ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒေါအစိုးရအတွက် နိုင်ငံရေးအကျပ်အတည်းဖြစ်လာနေပါတယ်။

Source AFP