#World_News
Published 26 April 2024


▪️ အမေရိကန်မှ နောက်ထပ်ထောက်ပံ့မယ့် လက်နက်တွေက ပြီးခဲ့တဲ့လတွေမှာ မထောက်ပံ့နိုင်ခဲ့တာကို ပြန်လည်ဖြည့်ဆည်းပေးပြီး ယူကရိန်းတို့ ခံစစ်ပြန်လည် တည်ဆောက်ဖို့နဲ့ တပ်များပြန်လည်နေရာချရန် အထောက်အကူ ဖြစ်စေမယ်လို့ အမေရိကန်က မျှော်လင့်နေပါတယ်။

 

▪️ ဒါပေမဲ့ ရုရှားတပ်တွေကို ထိုးစစ်ဆင်မှုကြီး ပြုလုပ်ဖို့လောက်အထိတော့ မဖြစ်နိုင်သေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားသွားပါတယ်။

 

▪️ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံတန်ကြေးရှိ စစ်ရေးထောက်ပံ့မှု နှစ်ဝက်လောက်ကြာအောင် ကြာမြင့်ခဲ့ရာမှ အမေရိကန် ကွန်ဂရက်က အသိအမှတ်ပြုလိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတကာမှ ထောက်ပံ့ရေးအလှူရှင်များ အွန်လိုင်းအစည်းအဝေးပွဲကို အမေရိကန်က သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

 

▪️ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ အမြှောက်ဆံတွေ၊ လေကြောင်းကာကွယ်ရေးတွေ၊ အခြားပစ္စည်းတွေကို ယူကရိန်းရှေ့တန်းသို့ မကြာမီပို့ဆောင်သွားမယ်လို့ အမေရိကန်အစိုးရက ချက်ချင်းကြေညာသွားပါတယ်။

 

▪️ ယခုလို လက်နက်များရရှိခြင်းဖြင့် ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ရုရှားတို့ချီတက်လာတာကို ခုခံနိုင်ဖို့ အခွင့်အလမ်းများလာနိုင်တယ်လို့ စစ်ရေးသုံးသပ်သူများက ဆိုပါတယ်။

 

▪️ ယူကရိန်းက ရုရှားကို ဘယ်လောက်အထိ ဖိအားပြန်ပေးနိုင်မလဲဆိုတာ သေချာမသိရသေးသလို စစ်မြေပြင်မှာ တပ်သားအင်အားလျော့နည်းနေပြီး ရှေ့တန်း ၁၀၀၀ ကီလိုမီတာတလျှောက် ခံစစ်တံတိုင်းကို ဘယ်လိုကာကွယ်နေလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

 

▪️ ယူကရိန်းတပ်များအနေဖြင့် လက်ဦးမှုပြန်လည်ရယူနိုင်ရန် ရည်ရွယ်ထားကြောင်း၊ လက်နက်ခဲယမ်းတွေ ပစ္စည်းကိရိယာတွေ ရရှိပြီးနောက် ပြန်လည်ဖွဲ့စည်းရန် အချိန်ယူရဦးမှာဖြစ်ကြောင်း၊ ဒါမှ လက်ရှိနေရာတွေကို ခုခံကာကွယ်နိုင်မှာ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ပြောပြသွားပါတယ်။

 

▪️ ‘’မကြာမီအချိန်အတွင်းမှာ ထိုးစစ်ဆင်မှုကြီးတွေ ပြုလုပ်ဖို့တော့ မမျှော်လင့်ထားပါဘူး။ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် နေရာဒေသအချို့မှာ တပ်စွဲထားတဲ့ ရုရှားတွေကို ဖိအားစပေးနိုင်တော့မယ်လို့တော့ မြင်မိပါတယ်’’ လို့ ဆိုပါတယ်။

 

▪️ ရုရှားတို့ဟာ ဖေဖော်ဝါရီလက ဒွန်ဘက်စ်ဒေသရှိ အက်ဗ်ဒီကာမြို့ကို သိမ်းပိုက်ပြီးကတည်းက စစ်မြေပြင်မှာ အသာရနေခဲ့ပါတယ်။

 

▪️ ယူကရိန်းအနေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်ယူရမယ်ဆိုရင်တောင် အမေရိကန်ရဲ့ ထောက်ပံ့မှုအသစ်က အလွန်အရေးကြီးတယ်လို့ အမေရိကန်အရာရှိများက ပြောထားပါတယ်။

 

▪️ အမေရိကန်ရဲ့ ထောက်ပံ့မှုအပြင် ဥရောပသမဂ္ဂကလည်း ထောက်ပံ့နေပြီး ချက်နိုင်ငံမှဦးဆောင်ကာ ဇွန်လကစလို့ 150mm အမြှောက်ဆံပေါင်း ၃ သိန်းခန့် စတင်ပေးပို့သွားမှာ ဖြစ်ပါတယ်။

 

▪️ ဂျာမနီကလည်း ပက်ထရီယော့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဒုံးကျည်များ ထောက်ပံ့သွားဖို့ အစီအစဥ်တွေကို ဧပြီမှာ ကြေညာခဲ့ပါတယ်။

 

#Source: Reuters