#World_Health
Published 26 April 2024


▪️ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် အလင်းအမှောင်၊ အပူချိန်၊ အသံအနေအထားတို့ကို ဦးစားပေးကြသလို အစားအသောက်ကလည်း အိပ်စက်ခြင်းအပေါ် သက်ရောက်မှုရှိနေပါတယ်။

 

▪️ အချို့အစားအစာတွေက အိပ်စက်ခြင်းကို အားပေးသလို အချို့ကတော့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတယ်လို့ နယူးယော့ခ်မှ ဒေါက်တာ ချယ်လ်စီရိုရှီ့ဘ်က ပြောကြားသွားပါတယ်။

 

▪️ မသင့်လျော်တဲ့ အစားအစာတွေစားပြီး အိပ်ပျော်ဖို့ ခက်ခဲတဲ့အခါ အိပ်နေစဥ် နိုးခြင်း၊ ရင်ပူခြင်း၊ အစာလျှံတက်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း၊ ညဘက် မကြာခဏ အိမ်သာသွားရခြင်းတို့ ဖြစ်တတ်ပါတယ်။

 

▪️ အိပ်စက်မှုကို ထောက်ပံ့ပေးတဲ့ အစားအစာတွေထဲမှာ ပရိုတိန်း၊ အမျှင်ဓာတ်ကြွယ်ဝသော အသားများ၊ ကွန်ပလပ်စ်ကာဗိုဟိုက်ဒရိတ် ကြွယ်ဝသော အသားများ ပါဝင်ပြီး အစာမကြေခြင်း၊ ရင်ပူခြင်းတို့ ဖြစ်နိုင်ခြေ နည်းစေပါတယ်။

 

▪️ နို့ထွက်ပစ္စည်းတွေဆိုရင် အိပ်စက်မှုအတွက် လိုအပ်တဲ့ ဆယ်ရိုတိုနင်နဲ့ မယ်လာတိုနင် ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ ထရစ်ပ်တိုဖန် ပါဝင်ပါတယ်။

 

▪️ ငှက်ပျောသီး၊ ဗာဒံစေ့၊ ချယ်ရီသီး၊ ကီဝီသီး၊ ဒိန်ချဥ်၊ နွားနို့ပူတို့ဟာ စိတ်ပြေလျော့စေပြီး အိပ်စက်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။

 

▪️ အဆီ အက်ဆစ်တို့ပါဝင်တဲ့ အစားအစာတွေ၊ ကဖင်းဓာတ် အပူအစပ်ပါတဲ့ အစားအစာတွေကတော့ ရင်ပူစေပြီး အိပ်စက်ရ ခက်ခဲစေပါတယ်။

 

▪️ အဆီအနှစ်များတဲ့ အစားအစာတွေ၊ ညစာများများ စားသုံးတာတွေ၊ ကော်ဖီသောက်တာတွေကို အိပ်ခါနီး စားသောက်တာက အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။

 

▪️ အဆင့်ဆင့် ထုတ်လုပ်ထားတဲ့ မုန့်တွေနဲ့ အချိုဓာတ်များတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်များစေပြီး ညအိပ်စဥ် နိုးကြားတတ်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

 

▪️ ဘယ်လိုအစားအစာမျိုးပဲ ဖြစ်ဖြစ် များများစားသုံးခြင်းဖြင့် မအီမသာဖြစ်စေပြီး အိပ်စက်ရ ခက်ခဲစေပါတယ်။

 

#Source: New York Post