၂၄ ဧပြီ ၂၀၂၄

ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး တီမူအိုင်ဗန်နော့တ်ကို အဂတိလိုက်စားမှု သံသယနှင့်  ရုရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက ဧပြီ ၂၃ ရက် အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ ကြေညာလိုက်ကြောင်း  RTသတင်းဌာနကသတင်းဖော်ပြပါတယ်။

အဲသလိုဖမ်းဆီးခဲ့တာနှင့်ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂူ တို့ကို အစီရင်ခံခဲ့ပြီးဖြစ်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားမီဒီယာတွေကိုပြောပါတယ်။

အင်္ဂါနေ့စောစောပိုင်းမှာပဲ အိုင်ဗန်နော့တ်ဟာ ကာကွယ်ရေးဝန်ကြီး ရှိုင်ဂူဦးဆောင်တဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်ခဲ့ပါသေးတယ်။ အဲဒီအစည်းအဝေးမှာ ရုရှားရဲ့အကြီးတန်းအရာရှိတွေနှင့် ထိပ်တန်းစစ်တပ် တပ်မှူးတွေတက်ရောက်ခဲ့ကြတာပါ။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ကာကွယ်ရေးဒုတိယဝန်ကြီးကို ဖမ်းဆီးခဲ့တာနှင့်ပတ်သက်လို့ အသေး စိတ်အချက်အလက်မထုတ်ပြန်ပါဘူး။ ဒါပေမယ့် အိုင်ဗန်နော့တ်ဟာ ကြီးကြီးမားလား လာဘ်ယူမှုတွေ ရှိခဲ့တယ်လို့သံသယရှိတယ်လို့တော့ ကော်မတီကပြောပါတယ်။ ရုရှားနိုင်ငံမှာ အဲသလိုမျိုး ရုရှားငွေ အနည်းဆုံး ရူဘဲလ်တစ်သန်း လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခဲ့မိလျှင်တော့ အိုင်ဗန်နော့တ်ဟာ ထောင်ဒဏ် ၁၅နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။

အိုင်ဗန်နော့တ်ဟာ ရုရှားရဲ့ စွမ်းအင်နှင့်ဆောက်လုပ်ရေးကဏ္ဍတွေမှာ ကာလရှည်ကြာပါဝင်ပတ်သက်ခဲ့ ပြီး နိုင်ငံပိုင် နာမည်ကျော် ကုမ္ပဏီတော်တော်များများမှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ၂၀၁၃မှ ၂၀၁၆ အထိ ရုရှားစစ်တပ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီ အိုဘိုရိုစထရွိုင်းကိုဦးဆောင်ခဲ့ပါတယ်။ အဲဒီ  ကုမ္ပဏီဟာ ရုရှားစစ် သည်တွေအတွက် လူနေအိမ်တွေ အဓိကဆောက်လုပ်ပေးရတဲ့ ကုမ္ပဏီဖြစ်ပါ  တယ်။ အဲဒီနောက်သူဟာ ရုရှားစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးတွေဦးဆောင်ဖို့ ယခု လက်ရှိ ဒုတိယကာကွယ်ရေးဝန်ကြီးတာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်လို့သတင်းမှာဖော်ပြထားပါတယ်။

Source : RT