#World_Health
Published 22 April 2024


▪️ ကလေးအာဟာရဖြည့်စွက်စာ အမှတ်တံဆိပ်များဖြစ်တဲ့ Cerelac နဲ့ Nido တို့မှာ သကြားနဲ့ ပျားရည် ပါဝင်မှုမြင့်မားတယ်ဆိုပြီး တွေ့ရှိခဲ့ပြီးနောက် Nestle India ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သကြားပါဝင်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။

 

▪️ ဆွစ်ဇာလန် စစ်ဆေးရေးအဖွဲ့အစည်း Public Eye ရဲ့အဆိုအရ Nestle ရဲ့ ကလေးဖြည့်စွက်စာများဖြစ်တဲ့ Cerelac နဲ့ Nido တို့မှာ သကြားဓာတ်နဲ့ ပျားရည်ပါဝင်မှု များနေပါတယ်။

 

▪️ ဒါဟာ အဝလွန်ခြင်းနဲ့ နာတာရှည်ရောဂါများ ကာကွယ်ရန် ရည်ရွယ်တဲ့ နိုင်ငံတကာ လမ်းညွှန်ချက်များနဲ့ ဆန့်ကျင်နေပါတယ်။

 

▪️ အိန္ဒိယက Cerelac ကလေးအာဟာရမှုန့်တွေမှာ သကြားပါဝင်မှုက တစ်ခွက်ကို ၃ ဂရမ်မျှနီးပါး ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

 

▪️ Nestle India မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ယင်းတို့ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သကြားပါဝင်မှု ၃၀ ရာခိုင်နှုန်း လျှော့ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

▪️ ကလေးတွေအတွက် ထုတ်ကုန်ပစ္စည်းတွေမှာ လိုအပ်တဲ့ အာဟာရဓာတ်များ ပြည့်မီအောင် ထုတ်လုပ်ထားကြောင်း၊ အာဟာရပါဝင်မှု မြှင့်တင်ရန် အမြဲကြိုးပမ်းနေကြောင်း ဖော်ပြထားပါတယ်။

 

▪️ Public Eye ရဲ့ဖော်ပြချက်အရ ကလေးအာဟာရမှုန့်တွေမှာ သကြားပါဝင်မှု အတိုင်းအတာက ထိုင်းနိုင်ငံမှာ ၆ ဂရမ်၊ အီသီယိုးပီးယားမှာ ၅ ဂရမ်ဖြင့် အများဆုံးဖြစ်နေပြီး ဖိလစ်ပိုင်က ထုတ်ကုန်တွေကတော့ သကြားမပါဝင်ပါဘူး။

 

▪️ Nestle ရဲ့ အဓိကဥရောပဈေးကွက်တွေမှာလည်း ကလေးငယ်တွေအတွက် အာဟာရမှုန့်တွေမှာ သကြားမပါဝင်ပါဘူး။

 

▪️ Nido နဲ့ Cerelac ထုတ်ကုန်နမူနာတွေမှာ ဆူးခရို့စ်နဲ့ ပျားရည်တို့ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဥရောပဆိုင်ရာ WHO ရဲ့ လမ်းညွှန်ချက်များအရ အသက် ၃ နှစ်အောက် ကလေးတွေအတွက် အာဟာရဖြည့်စွက်စာတွေမှာ သကြားနဲ့ အချိုဓာတ်ပစ္စည်းတွေ ထည့်သွင်းခွင့် မပြုထားပါဘူး။

 

#Source: India Today