#World_Science
Published 22 April 2024


▪️ ဆော်ဒီအာရေဗျမြောက်ပိုင်း ကန္တာရတွေထဲမှာ အပူဒဏ်ကို အံတုရန်အတွက် ချော်ရည်လိုဏ်ခေါင်းပြွန်တွေထဲမှာ လူသားများနေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို ရှေးဟောင်းသုတေသနပညာရှင်များ ပထမဆုံးအနေနဲ့ တွေ့ရှိခဲ့ပါတယ်။

 

▪️ ချော်ရည်လိုဏ်ခေါင်းတွေဆိုတာ မီးတောင်ပေါက်ကွဲစဥ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

▪️ ချော်ရည်မြစ် မျက်နှာပြင် အေးခဲမာတောင့်သွားပြီး အောက်မှာတော့ အရည်ပျော်ကျောက်ပူတွေ ဆက်လက်စီးဆင်းနေပါတယ်။

 

▪️ ချော်ရည်တွေက ပြွန်တွေထဲကနေ စိမ့်ထွက်သွားကာ လိုဏ်ဂူအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

 

▪️ ဩစတြေးလျ ဂရစ်ဖစ်တက္ကသိုလ်မှ သုတေသီ မက်သရူးစတီးဝပ်က ဆော်ဒီအာရေဗျအတွင်း ၁ ကီလိုမီတာခွဲခန့်ရှိတဲ့ အကြီးမားဆုံး ချော်ရည်လိုဏ်ခေါင်းကြီး အမ်ဂျီယာဆန်မှ တူးမြောင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

 

▪️ အနည်းဆုံး နှစ်သက်တမ်း ၇၀၀၀ ခန့်ရှိတဲ့ ကျောက်တုံးကိရိယာများ၊ တိရိစ္ဆာန်အရိုးများ၊ အိုးများ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ အော်ဂဲနစ်ပစ္စည်းတွေကတော့ ပူလွန်းတဲ့ ကန္တာရအပူချိန်ကြောင့် ကျိုးကြေနေပြီး သက်တမ်းခန့်မှန်းရန် ခက်ခဲနေပါတယ်။

 

▪️ ဒါပေမဲ့ ချော်ရည်လိုဏ်ဂူထဲမှာတော့ များစွာအေးမြနေပြီး အခိုင်အခံ့ကောင်းတာကြောင့် ခိုလှုံဖို့ကောင်းတယ်လို့ စတီးဝပ်က ဆိုပါတယ်။

 

▪️ မြေအောက်တူးဖော်ရင်း တွေ့ရှိခဲ့တဲ့ လူသားအရိုးတွေကတော့ ခွေးအတွေ ကိုက်ချီတာခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

▪️ အခြားလိုဏ်ခေါင်းထဲမှာတော့ သိုးတွေ ဆိတ်တွေရဲ့ ပုံတွေဖြစ်နိုင်တဲ့ ကျောက်တုံးလက်မှုလက်ရာများ တွေ့ရှိခဲ့ပါတယ်။

 

▪️ ထိုနေရာမှာ လူသားတွေ အချိန်အတော်ကြာ နေထိုင်ခဲ့ဟန်မရှိဘူးလို့ သုတေသီများ သုံးသပ်ခဲ့ပါတယ်။

 

▪️ ချော်ရည်လိုဏ်ခေါင်းဟာ မွေးမြူရေးခေတ်ကာလတုန်းက အမဲလိုက်ခြင်းနဲ့လည်း ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်သွားပါတယ်။

 

#Source: WION