၁၄ ဧပြီ ၂၀၂၄

အီရန်က အစ္စရေးကို လက်စားချေတုန့်ပြန်သည့်အနေဖြင့် စနေနေ့ညည့်နက်ပိုင်းက ဒရုန်းနှင့် ဒုံးကျည်ပေါင်း များစွာဖြင့်  အစ္စရေး၏ ပိုင်နက်အတွင်း တိုက်ရိုက်တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်။  အမေရိကန်က အစ္စရေးကို တိုက်ခိုက်လာပါက အစ္စရေးဘက်က မားမားမတ်မတ်ရပ်တည်မည်ဟု ကတိ  ပေးပြီးနောက် အီရန်က ယခုလိုလက်စားချေတိုက်ခိုက်လာခြင်းဖြစ်ပြီး စစ်ပွဲကြီးများ ဖြစ်လာမည် အန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ်ဟာဂါရီက အီရန်သည် ဒါဇင်ပေါင်း များစွာသော မြေပြင်ပစ်ဒုံးကျည်များနှင့် အစ္စရေးကတိုက်ခိုက်ခဲ့ပြီး အစ္စရေး၏ နယ်စပ်များ အပြင်ဘက် တွင် ယင်းတို့ကို ကြားဖြတ်ဟန့်တားခဲ့သည်ဟုပြောလိုက်ပါတယ်။ တိုက်ခိုက်တဲ့အထဲမှာ အနည်းဆုံး ခရုစ်ဒုံးကျည် ၁၀စီးပါဝင်တယ်လို့သူကပြောပါတယ်။

အီရန်တို့ဟာ ယခုထက်ထိ ဒရုန်းအစင်းပေါင်း အနည်းဆုံး နှစ်ရာကျော်ဖြင့် တိုက်ခိုက်ခဲ့ပြီးဖြစ်တယ်လို့ သူကပြောပါတယ်။  အစ္စရေးရဲ့စစ်ဌာနတစ်ခုမှာ အနည်းအကျဉ်းပျက်စီးမှုရှိခဲ့တယ်လို့သူကပြောပါတယ်၊

ယင်းကိစ္စအပေါ် ကုလသမဂ္ဂက အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူကျင်းပနေပါတယ်။

Source Reuters