#World_Health
Published 09 April 2024


ကိုဗစ်ကပ်ရောဂါ စကတည်းက လက်သန့်စင်ဆေးရည်တွေဟာ မရှိမဖြစ်ပစ္စည်းအဖြစ် လူအများမှတ်ယူလာကြပါတယ်။

 

အခုဆိုရင် ကပ်ရောဂါကာလမှ လွတ်မြောက်လာပြီဖြစ်ပေမယ့် လက်သန့်စင်ဆေးရည် အသုံးပြုတဲ့ အလေ့အကျင့်ကတော့ ရှိနေကြပါသေးတယ်။

 

မကြာသေးမီက လေ့လာမှုတစ်ခု ပြုလုပ်ရာမှာ ပိုးသတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဦးနှောက်ထဲက အထောက်အပံ့ဆဲလ်တွေကို ထိခိုက်ဖွယ်ရှိတယ်လို့ တွေ့ရှိထားပါတယ်။

 

အိုလီဂိုဒန်ဒရိုဆိုက်ဆဲလ်တွေက အာရုံကြော ထောက်ပံ့ဆဲလ်များဖြစ်ပြီး ဦးနှောက်အချက်ပြချက်များ အရှိန်တစ်ခုဖြင့် သွားနိုင်အောင် ပြုလုပ်ပေးပါတယ်။

 

လက်သန့်စင်ဆေးလိုမျိုး ပိုးသတ်ဆေးတွေနဲ့ သွားတိုက်ဆေးလိုမျိုး တစ်ကိုယ်ရည်သုံး ပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုနေစဥ် မျိုချမိတာမျိုး ရှူသွင်းမိတာမျိုး ဖြစ်နိုင်ပါတယ်။

 

နောက်တစ်မျိုးကတော့ အော်ဂန်နိုဖော့စ်ဖိတ်ဖြစ်ပြီး အထည်အလိပ်တွေ လျှပ်စစ်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။

 

အဆီမှာပျော်ဝင်နိုင်တဲ့ အော်ဂန်နိုဖော့စ်ဖိတ်တွေက အရေပြားကနေ ဖြတ်သန်းပြီး ဦးနှောက်သို့ ရောက်ရှိနိုင်ပါတယ်။



ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေကို စမ်းသပ်ပြီးနောက် ဦးနှောက်တစ်ရှူးထဲမှာ ဓာတုပစ္စည်းများ တွေ့ရှိခဲ့ပါတယ်။

 

ထိုဓာတုဒြပ်ပေါင်းတွေကို အော်လီဂိုဒန်ဒရိုဆိုက်တွေက တုန့်ပြန်တာတွေကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။

 

#World_Health #လက်သန့်စင်ဆေးရည် #ဦးနှောက်ဆဲလ် #ထိခိုက်စေနိုင်ဖွယ်ရှိ #Source: WION