#World_Health
Published 09 April 2024


အပ်စိုက်ကုထုံးဆိုတာဟာ ခန္ဓာကိုယ်ရှိ သတ်မှတ်နေရာများမှာ သေးငယ်တဲ့အပ်များစိုက်ပြီး နာကျင်ကိုက်ခဲမှုကို ကုသတဲ့ နည်းလမ်းတစ်မျိုးဖြစ်ကာ တရုတ်ရိုးရာဆေးပညာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

 

နယူးဒေလီရှိ အပ်စိုက်ကုထုံးဌာနမှ ဥက္ကဌ ဒေါက်တာရာမန်ကာပူရ်က အပ်စိုက်ကုထုံးရဲ့ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့အာနိသင်နဲ့ အရွယ်မတိုင်ခင် အိုမင်းခြင်းကို ဖြစ်စေတဲ့ ဖိစီးမှုကို ဘယ်လိုဖြေရှင်းပေးလဲဆိုတာကို ပြောပြသွားပါတယ်။

 

 ယနေ့ခေတ်မှာဆိုရင် ယိုယွင်းလာတဲ့ နေထိုင်မှုစနစ်၊ အိပ်ရေးပျက်ခြင်း၊ ဖိစီးမှုများခြင်းတို့ကြောင့် အိုမင်းရင့်ရော်ဖြစ်စဥ် ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။

 

လူသားတွေအတွက် အန္တရာယ်အပေးနိုင်ဆုံး စိတ်ဖိစီးမှုကို အပ်စိုက်ကုထုံးဖြင့် လျှော့ချနိုင်ပြီး ရောဂါများဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေကာ အိုမင်းခြင်းကို နှောင့်နှေးစေပါတယ်။

 

စွမ်းအင်သိုလှောင်ရာမှာ အသုံးပြုတဲ့ အာရုံကြောစနစ်ကို အပ်စိုက်ခြင်းက လှုံ့ဆော်ပေးကာ စိတ်ပြေလျော့စေတာကြောင့် နုပျိုတဲ့ပုံသဏ္ဍာန် ဖြစ်စေတယ်လို့ ဆိုပါတယ်။

 

အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ နောက်တစ်ချက်က အိပ်မပျော်တာဖြစ်ပြီး အပ်စိုက်ကုခြင်းက မယ်လာတိုနင်ဟော်မုန်းကို ထွက်ရှိစေကာ အိပ်စက်ခြင်းကို ကူညီပေးပါတယ်။

 

အပ်စိုက်ရာမှာ ကော်လာဂျင်ကို ဖြတ်သန်းသွားတာကြောင့် သဘာဝအတိုင်း အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။

 

စိတ်ဖိစီးတာတွေ၊ ဟော်မုန်းမညီမျှတာတွေ၊ သွေးလှည့်မှုစနစ်တွေကို အပ်စိုက်ကုထုံးဖြင့် ဖြေရှင်းနိုင်ပေမယ့် ရောဂါပြင်းထန်တာတွေကိုတော့ ဆေးကုသမှု ခံယူသင့်ပါတယ်။

 

#World_Health #အပ်စိုက်ကုထုံး #အိုမင်းရင့်ရော်ခြင်းဖြစ်စဥ်ကိုဆန့်ကျင် #Source: India Today