၄ မတ် ၂၀၂၄

တောင်ကိုရီးယားနိုင်ငံမှာ ထောင်ပေါင်းများစွာသော ဝါရင့်ဆရာဝန်ကြီးတွေဟာ မြို့တော် ဆိုးလ်မှာ တနင်္ဂနွေနေ့က စုရုံးကြပြီး ဆေးကျောင်းတက်ဖို့ ကျောင်းသားအရေအတွက် တိုးခေါ်မယ့် အစိုးရရဲ့အစီအစဉ်ကို အလုပ်သင်ဆရာဝန်များနည်းတူ သူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး အလုပ်သင်ဆရာဝန်ပေါင်း ၉၀၀၀ကျော်ဟာ လာမယ့် ၂၀၂၅ ပညာသင်နှစ်ကစလို့ ဆေးကျောင်း တက်မယ့်ကျောင်းသားတွေကို လူ၂၀၀၀မှ ၅၀၅၈ဦးအထိ တိုးမြှင့်ခေါ်ယူမယ့်ကိစ္စကြောင့် အလုပ်ခွင်ထဲက ထွက်ခွာပြီး ဆန္ဒပြခဲ့ကြပါတယ်။ ယခု ဝါရင့်ဆရာဝန်ကြီးတွေက သူတို့လုပ်ရပ်ကိုထောက်ခံကြောင်း ဆိုးလ်မြို့မှာ ထပ်မံဆန္ဒပြကြတာဖြစ် ပါတယ်။

Source CCTV+