၂၁ ဇန်နဝါရီ ၂၀၂၄

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် သမ္မတရဟတ်ယာဉ်ကို အသုံးပြုကာ မနီလာမြို့တော်မြောက်ဘက်ရှိ ဗြိတိန် ရော့ခ်တီးဝိုင်း Coldplay ကို သောကြာနေ့ညက သွားရောက်ကြည့်ရှုခဲ့လို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဝေဖန်မှုတွေ ခံနေရပါတယ်။

ဖိလစ်ပိုင် အရီနာ လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံပွဲခင်းကြီးမှာ လာရောက်ကြည့်ရှုသူတွေဟာ လေးသောင်းခန့်ရှိတဲ့ အတွက် အကျိုးဆက်အးဖြင့် “ အဲဒီမိုးလုံလေလုံကွင်းကြီးထဲသွားတဲ့ လမ်းတစ်လျောက် မလွှဲမရှောင်သာတဲ့ ယာဉ်ကြောပိတ် ဆို့မှုတွေရှိခဲ့ပါတယ်” လို့ သမ္မတလုံခြုံရေးအဖွဲ့က အဆိုပါကိစ္စကို သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုဟာ  သောကြာနေ့ညက အဲဒီပွဲကို ဇနီးဖြစ်သူနှင့်အတူ သွားကြည့်တဲ့ မားကို့စ်အတွက် လုံခြုံရေး အရ အန္တရာယ်ရှိနေတဲ့အတွက် သမ္မတရဲ့ အလုပ်သုံး ရဟတ်ယာဉ်ကို မသုံးမဖြစ်သုံးလိုက်ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖြေရှင်းထားပါတယ်။

ဒါပေမယ့် ဆိုရှယ်မီဒီယာသုံးသူတွေကတော့ ဖိလစ်ပိုင်ကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ပြီးနောက် သမိုင်းဝင်တဲ့ ပြည်သူ့အာဏာတော်လှန်ရေးကြောင့် ပြုတ်ကျခဲ့တဲ့ အာဏာရှင်မားကို့စ်ရဲ့ သားဖြစ်သူ လက်ရှိသမ္မတ မားကို့စ်ဂျူနီယာအနေ    နှင့် ပြည်သူ့အခွန်ဘဏ္ဍာကို အသုံးပြုတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

“ တရားဝင်အရင်းအမြစ်တွေဖြစ်တဲ့ သမ္မတရဟတ်ယာဉ်လိုမျိုးတွေကို ကိုဘ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စမဟုတ်ဘဲ  အသုံးပြု ခြင်းဟာ  အာဏာအလွဲသုံးစားလုပ်တာ ဒါမှမဟုတ် အစိုးရရဲ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာပဲဖြစ်တယ်”လို့ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ ဂျိမ်းစ်ပက်ထရစ် အရစ်စတိုရင်က ပို့စ်ရေးတင်ပါတယ်။

“ ရဟတ်ယာဉ်သုံးတာ၊ပြီးတော့လောင်စာဆီနှင့်လုံခြုံရေး အဲဒါတွေအတွက် ကျွန်တော်တို့ပိုက်ဆံပေးထားရတာ။လူတိုင်းရဲ့ ပွဲလက်မှတ်တွေအတွက်တောင်သုံးတယ်ဆိုတာ ဘယ်သူတွေကသိကြမှာလဲ” လို့ နောက်ထပ်ဖေ့စ်ဘုတ်ခ်သုံးသူ အာဗိုင် ကွန်ဆက်ဆီယွန်ကပြောပါတယ်။

Source Reuters

#yangontimes

#Marcosjunior

#Philippines_Politics