Published 11 January 2024 
 
ဗီးနပ်စ်(သောကြာ)ဂြိုလ်ပေါ်မှာ အသက်ရှင်နေထိုင်စွမ်း ရှိမရှိကို သိပ္ပံပညာရှင်များ လေ့လာချင်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး ကမ္ဘာမြေရဲ့ အပူချိန်နဲ့ ဆင်တူတဲ့ အမြင့် ၄၈-၆၀ ကီလိုမီတာရှိ ကောင်းကင်တိမ်လွှာတွေကို အာရုံစိုက်နေခဲ့ကြတာပါ။ 
 
ဗီးနပ်စ်ဂြိုလ်မှ တိမ်တွေထဲမှာပါဝင်တဲ့ ဆာလ်ဖျူရစ်အက်ဆစ်က သက်ရှိဖြစ်လာနိုင်စွမ်းကို တားဆီးနေသလို ဖြစ်နေတယ်လို့ ယခင်က ယူဆခဲ့ကြပါတယ်။ 
 
ဒါပေမဲ့ ဗီးနပ်စ်တိမ်တွေမှ ဆာလ်ဖျူရစ်အက်ဆစ်ပါဝင်မှုနဲ့ အပူချိန်အတွင်းရှိ ဘိုင်အိုဂျဲနစ် အမိုင်နိုအက်ဆစ် အမျိုး ၂၀ ကို အောင်မြင်စွာ လေ့လာနိုင်ခဲ့ကြပါတယ်။ 
 
ထိုထဲမှ ၁၉ မျိုးဟာ အချိန် ၄ ပတ်ကြာပြီးသည်အထိ ဓာတ်ပြုခြင်းမရှိဘဲ ဆာလ်ဖျူရစ်အက်ဆစ်ပြင်းထဲမှာပင် အမိုင်နိုအက်ဆစ် ပင်မဓာတ်ပစ္စည်းက မူလအတိုင်း ကျန်ရှိနေတာကြောင့် သက်ဆိုင်ရာ မော်လီကျူးများ ဖြစ်ပေါ်နိုင်စွမ်းကို သိရှိလာနိုင်ပါတယ်။ 
 
သုတေသီ ဂျဲနူဇ်ပက်ကောစကီးက သက်ရှိတိုင်းဟာ အရည်ကြားခံနယ် လိုအပ်တဲ့သဘောက အမြဲတမ်း ရေဖြစ်နေဖို့လိုအပ်ပါ့မလားဆိုပြီး ပြောပြခဲ့ပါတယ်။ 
 
အမိုင်နိုအက်ဆစ်တွေဟာ ပရိုတိန်းတည်ဆောက်ရန် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး သက်ရှိဖြစ်ပေါ်ရန် မဖြစ်မနေလိုအပ်ကာ ယခုလေ့လာချက်က ဆာလ်ဖျူရစ်အက်ဆစ်ပြင်းထဲမှာ အမိုင်နိုအက်ဆစ်ရဲ့ တည်ငြိမ်မှုကို အလေးပေး ဖော်ပြထားပါတယ်။ 
 
သက်ရှိများ ဖြစ်ပေါ်ရာမှာ အခြားအရည်အမျိုးအစားတွေ ရှိလာနိုင်တဲ့ အခြေခံဓာတုသဘောတရားကို နားလည်ရန် အရေးကြီးကြောင်း၊ ကမ္ဘာမြေမှာဆိုရင် ရေက အဓိကပျော်ရည်ဖြစ်ပေမယ့် အခြားအရည်တွေလည်း ရှိနေကြောင်း ပက်ကောစကီးက ရှင်းပြသွားပါတယ်။ 
Source: WION. 
#World_Science
#Yangon_Media_Group
#Published_ 11 January 2023 
#YMG_News #Yangon_Times