Published 11 January 2024 
 
မုန်လာဥနီက ကယ်လိုရီနည်းပါးစွာ ပါဝင်သလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများအပြား ရှိနေပါတယ်။ 
 
ယခုလို ဆောင်းရာသီမှာ မုန်လာဥနီကို ထည့်သွင်းစားသုံးရန် အကြံပြုရတဲ့ အကြောင်းအရင်းများကို ဖော်ပြလိုက်ပါတယ်။ 
 
(၁) ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း 
ဗိုက်တာမင်အေ ကြွယ်ဝတဲ့ မုန်လာဥနီမှာ ဘီတာကယ်ရိုတင်းဓာတ်များ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်ကူးစက်မှုများကို ကာကွယ်ပေးပါတယ်။ 
 
(၂) အသားအရေအားဖြည့်ပေးခြင်း 
ဗိုက်တာမင်အေက အရေပြားကို အစိုဓာတ် ထိန်းသိမ်းပေးတာကြောင့် ယခုလိုဆောင်းရာသီမျိုးမှာ အရေးကြီးပြီး အိုမင်းရင့်ရော်ခြင်း လက္ခဏာများ လျှော့ချခြင်း၊ ဝက်ခြံလျှော့ချခြင်းတို့မှာ ကူညီပေးပါတယ်။ 
 
(၃) ညဘက်အမြင်အာရုံတိုးတက်စေခြင်း 
ဗိုက်တာမင်အေက အမြင်အာရုံကောင်းစေရုံမက အလင်းအားနည်းတဲ့ အခြေအနေတွေမှာလည်း ကျင့်သားရစေပြီး ဘယ်လိုအလင်းရောင်မျိုးမှာမဆို ရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။ 
 
(၄) တာရှည်ခံပြီး အမျိုးမျိုးစားသုံးနိုင်ခြင်း 
လှီးဖြတ်ပြီး အာဟာရတန်ဖိုးကျသွားတဲ့ အခြားဟင်းသီးဟင်းရွက်တွေလို မဟုတ်ဘဲ မုန်လာဥနီတွေဟာ ပုံစံအမျိုးမျိုး အသုံးပြုရင်တောင် အာဟာရတန်ဖိုး မကျသွားပါဘူး။ 
 
မုန်လာဥနီကို အများအပြား စားသုံးမိရင်တောင် အပင်မှရတဲ့ ဘီတာကယ်ရိုတင်းတွေ စုပြုံလာရင် ဘေးအန္တရာယ်မဖြစ်စေတာကြောင့် နှစ်သက်သလောက် စားသုံးနိုင်ပါတယ်။ 
Source: The Jerusalem Post.
#World_Health
#Yangon_Media_Group
#Published_ 11 January 2023 
#YMG_News #Yangon_Times