၁၇ စက်တင်ဘာ ၂၀၂၃

ဘန်ကောက်အဲဝေးစ်က အောက်တိုဘာ ၃၁ ရက်အထိ  လေယာဉ်ပေါ်မတက်ခင် ခရီးသည်အာလုံး ကိုယ်အလေးချိန် ချိန်တွယ်ရမည့် အစီအစဉ်ကိုကြေညာခဲ့သည်။ အချက်အလက်များကို လျှို့ဝှက်ထားပေးမည်ဟုလည်းပြောသည်။

လေကြောင်းလိုင်း၏ကြေညာချက်တွင်  ခရီသည်များ ကိုယ်အလေးချိန် ချိန်တွယ်သည်မှာ နိုင်ငံတကာလေကြောင်းပျံသန်းရေးအဖွဲ့ကြီး၏ စံနှုန်းများအတိုင်းဆောင်ရွက်ခြင်းဖြစ်ပြီး  လေယာဉ်ပျံသန်းမှု လုံခြုံစိတ်ချမှုရှိစေရေးအတွက် ပျံတက်စဉ် ဝန်အလေးချိန်ကို တွက်ချက်ရာ တွင် အထောက်အကူဖြစ်စေရန်ဟုဆိုသည်။

ကိုယ်အလေးချိန် ချိန်ခြင်းကို ထွက်ခွာဂိတ်ပေါက်တွင် လေယာဉ်မတင်ခင် ပြုလုပ်မည်ဖြစ်ပြီး ခရီးသည်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့‌ေ လေကြောင်းလိုင်းက မေတ္တာရပ်ခံထားသည်။

ကိုရီးယားလေကြောင်းနှင့် အဲနယူးဇီလန်တို့ကလည်း ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။

ဘန်ကောက်အဲဝေးစ်သည် ထိုင်း၊ကမ္ဘောဒီးယား၊ဟောင်ကောင်၊လာအို၊မော်လဒိုက်၊မြန်မာ၊စင်္ကာပူနှင့်ဗီယက်နမ်များသို့ ပျံသန်းပေးနေပြီး ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အခြေပြုထားသည်။

Source ThaiPBS