#World_Health
Published 18 September 2023


ရင်ဘတ်မှာ မခံရပ်မခံသာဖြစ်အောင် အောင့်လာခြင်းမျိုးက နှလုံးရောဂါ လက္ခဏာတစ်ခုဖြစ်ပြီး အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။

 

ရုတ်တရက် ရင်ဘတ်မှာ စူးအောင့်လာပြီး သတိလစ်မူးမေ့တာမျိုးကသာ နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေလို့ထင်ရင် မှားသွားပါပြီ။

 

နှလုံးဆီ သွေးမရောက်ဘဲ နှလုံးဖောက်တဲ့ဖြစ်ရပ်မှာ ရုတ်တရက် နှလုံးရပ်တာမျိုးက ဖြစ်လေ့ဖြစ်ထ အလွန်ရှားပါးပါတယ်။  

 

သတိမေ့လဲကျသွားလို့ အရေးပေါ် လူနာတင်ကား မခေါ်နိုင်တာမျိုး မဖြစ်ရအောင် ရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး သင့်တင့်မှန်ကန်တဲ့ ကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။

 

အဖြစ်အများဆုံး လက္ခဏာက နှလုံးအောင့်ခြင်း ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး ကွာခြားနိုင်ပါတယ်။



-        ရင်ဘတ်မှာ လေးလံအောင့်နာခြင်း

 

-        မူးဝေသလို ခံစားရခြင်း

 

-        ချွေးထွက်ခြင်း

 

-        အသက်ရှူ မဝခြင်း

 

-        ဖျားနာသလို ခံစားရခြင်း

 

-        ချောင်းဆိုးနှာချေခြင်း

 

-        ပူပန်သောကခံစားရခြင်း

 

-        ခန္ဓာကိုယ်အခြားနေရာတွေမှာလည်း နာကျင်ခြင်း

 

-        နာကျင်ခြင်းက ရင်ဘတ်ကနေ လက်သို့ရောက်ရှိလာခြင်းတို့ ခံစားရတတ်ပါတယ်။

 

ဗြိတိန်မှာ နှစ်စဥ်သေဆုံးသူတွေထဲက ၄ ပုံ ၁ ပုံလောက်ဟာ နှလုံးသွေးကြောရောဂါကြောင့် ဖြစ်နေပြီး အချို့နေရာတွေမှာလည်း အရွယ်မတိုင်ခင် သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။

 

ရောဂါလက္ခဏာ အနည်းငယ်သာ ခံစားရတဲ့အခါ နှလုံးဖောက်နိုင်ချေရှိတယ်ဆိုတာကို မသိကြပါဘူး။

 

ငယ်ရွယ်သူပဲဖြစ်ဖြစ်၊ ကျန်းမာသန်စွမ်းသူပဲဖြစ်ဖြစ် ဘယ်သူ့မှာမဆို ဖြစ်ပွားနိုင်ပါတယ်။

 

နှလုံးရောဂါဖြစ်နိုင်ချေ လျှော့ချချင်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသုံးနေထိုင်တာတွေ၊ သွေးပေါင်ချိန်နဲ့ ကိုလက်စထရောလ် ပုံမှန်စစ်ဆေးတာတွေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းတာတွေ ပြုလုပ်သင့်ပါတယ်။

 

အထက်ပါ လက္ခဏာတွေ ခံစားရပြီဆိုရင် အရေးပေါ်ကားကို ခေါ်သင့်နေပါပြီ။

 

မပြင်းထန်ဘူးလို့ ထင်နေရင် ရောဂါရှိမှန်းမသိရဘဲ ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် နှလုံးရောဂါဟာ အရေးပေါ် အခြေအနေဖြစ်ပြီး အရေးပေါ်ဌာနသို့ ခေါ်ဆိုကာ လက္ခဏာတွေ ပြောပြသင့်ပါတယ်။

 

ဆေးလိပ်သောက်ခြင်း၊ အဆီများသော အစားအစာစာခြင်း၊ ဆီးချို၊ ကိုလက်စထရောလ်မြင့်ခြင်း၊ သွေးပေါင်ချိန်မြင့်ခြင်း၊ အဝလွန်ခြင်းတို့ကြောင့် နှလုံးဖောက်နိုင်ချေ ပိုများစေပါတယ်။

 

#World_Health #နှလုံးရောဂါဖြစ်နိုင်ချေ #အသက်အန္တရာယ်ကင်း
Source: Metro