၂၀ ဩဂုတ် ၂၀၂၃

အီရန်အာဏာပိုင်တွေဟာ ခွေးတစ်ကောင်ကို အိမ်ခန်းရောင်းချပေးလိုက်တဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးတဲ့နောက်  အိမ်ခြံမြေအကျိုးဆောင်  လုပ်ငန်းအကြီးအကဲကို ဖမ်းဆီးအရေးယူလိုက်ပါတယ်။  အီရန် လင်မယားက သူတို့ရဲ့ အချစ်တော်ခွေးကလေး ချက်စတာ ကို အိမ်ခန်း လွှဲပေးလိုက်တာ  ရိုက်ထားတဲ့ အဲဒီဗွီဒီယိုဟာ အွန်လိုင်းပေါ်မှာ အတော်လူကြိုက်များသွားပါတယ်။

အငြင်းအခုံတွေထဖြစ်စေခဲ့တဲ့ အဲဒီဗွီဒီယိုထဲမှာ လင်မယားတစ်တွဲဟာ သူတို့ရဲ့ အိမ်ခန်းကို သူတို့ရဲ့အချစ်တော် ခွေးဖြူကလေး ချက်စတာထံ တရားဝင်လွှဲပြောင်းပေးတဲ့ ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးနေတာကို တွေ့မြင်ရပါတယ်။

အဲဒီစာချုပ်ကို ချက်စတာရဲ့ ခြေသည်းရာကို အမျိုးသမီးတစ်ဦးအကူအညီနှင့် မှင်ခံပြားအသုံးပြု ရယူပြီး လက်မှတ်သဖွယ်သုံးခဲ့တာဖြစ်ပါတယ်။ သူတို့မှာ အမွေဆက်ခံမည့်သူမရှိတဲ့အတွက် သူတို့ရဲ့အိမ်ကို သူတို့ချစ်တဲ့ ခွေးကလေးကို ရောင်းချပေးဖို့ အစဉ်အလာမဟုတ်တဲ့ ဆုံးဖြတ်ချက်ကိုချလိုက်ရတာလို့ အဆိုပါစုံတွဲက ရှင်းပြပါတယ်။

အီရန်မှာ ခွေးတွေအိမ်ပိုင်ဆိုင်မှုကို တားမြစ်တဲ့ သီးခြားဥပဒေရယ်လို့မရှိသေးပေမယ့် ခွေးရဲသဘောသဘာဝအရနှင့် ရှေးရိုးစွဲ ဘာသာရေးဆရာတွေရဲ့ ဩဇာလွှမ်းမိုးမှုကြောင့် အဲဒီလိုမျိုးဆောင်ရွက်တာကို မကောင်းတဲ့အလုပ်လို့  မြင်ထားပါတယ်။ မူစလင်နိုင်ငံတော်တော်များများမှာ ခွေးတွေကို မသန့်ရှင်းတဲ့ သတ္တဝါလို့သတ်မှတ်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာ အီရန်နိုင်ငံလည်းပါဝင်ပါတယ်။

ဩဂုတ်လ ၂၀ ရက် တနင်္ဂနွေနေ့မှာ အီရန်ရဲတွေဟာ အဲဒီ့ပျံ့နှံ့နေတဲ့ဗွီဒီယိုအတွက် စုံစမ်းမှုတွေစတင်လုပ်ခဲ့ပါတယ်။ အဲသလိုအရောင်းလုပ်ဆောင်ရာမှာ အိမ်ခြံမြေအကျိုးဆောင်အကြီးအကဲတစ်ဦးပါဝင်နေတယ်လို့ ဖော်ထုတ်သိရှိရလို့ သူ့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီကုမ္ပဏီကိုလည်း ယာယီလုပ်ငန်းပိတ်သိမ်းထားပါတယ်။  ဒီလိုရောင်းချတာမျိုးဟာ  လူ့အဖွဲ့အစည်းရဲ့ စာရိတ္တတန်ဖိုးတွေနှင့်ဆန့်ကျင်ပြီး ဥပဒေနှင့်လည်း ကင်းလွတ်နေတယ်လို့ ဒုတိယတရားစွဲအရာရှိချုပ် ရီဇာတာဘာက ပြောပါတယ်။

ဓလေ့ထုံးတမ်းအရမည်သို့ပင်ရှိစေကာမူ အီရန်နိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန် အထူးသဖြင့် ခွေးနှင့်ကြောင် ပိုင်ရှင်တွေဟာ တိုးပွားလာနေပါတယ်။အထူးသဖြင့် လူလတ်တန်းစားနှင့် အထက်တန်းစားများအကြားမှာဖြစ်ပါတယ်။

Source WION