#WorldCrime

Published-  1 November 2021

တနင်္ဂနွေညက ထူးထူးဆန်းဆန်းဝတ်စုံဝတ်ထားပြီး ဓားကိုင်လာတဲ့လူတစ်ယောက်က တိုကျိုမြို့ရှိ မီးရထားတစ်စင်းပေါ်မှာ မီးရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ပျော်ပါးချင်တဲ့သူတွေက ဟောလိုဝင်းပွဲအတွက် မြို့ထဲကစည်းကားတဲ့နေရာကို လာရောက်နေကြချိန်ဖြစ်ပြီး ဒီဖြစ်စဉ်မှာ ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်က စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်ပွားတဲ့အခင်းနေရာမှာပဲ လူသတ်ရန်ကြံစည်ခဲ့တဲ့ သံသယရှိသူ အသက် ၂၄ နှစ်ရှိ Kyota Hattori ဆိုတဲ့လူကို ရဲတွေကဖမ်းဆီးခဲ့ပါတယ်။

ည ၈ နာရီခန့် ရထားသွားနေချိန်မှာ ရင်ဘတ်ကိုဓားနဲ့အထိုးခံခဲ့ရတဲ့ အသက် ၇၀ နှစ်ရှိအမျိုးသားကြီးတစ်ဦးကတော့ စိုးရိမ်နေရတဲ့အခြေအနေဖြစ်နေပါတယ်။

"သူက လူသတ်ချင်နေခဲ့တာပါ။ သေဒဏ်ပေးသင့်တယ်။ ၂ ယောက် ဒါမှမဟုတ် ဒီထက်ပိုပြီး သတ်ဖို့ရည်ရွယ်ထားပုံရတယ်"လို့ စုံစမ်းစစ်ဆေးသူတွေက မှတ်ချက်ပြုလိုက်ပါတယ်။

မီးလောင်စေတဲ့အရည်တွေကိုလည်း ဖျန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်မှာ ထိခိုက်ခဲ့တဲ့သူတွေက ဆယ်ကျော်သက်အရွယ်တွေကစလို့ အသက် ၆၀ ဝန်းကျင်အရွယ်တွေအထိ ပါဝင်ပါတယ်။

ဒဏ်ရာပြင်းထန်စွာရရှိသူ တစ်ဦးအပြင် ၁၆ ယောက်က အနည်းငယ်ထိခိုက်မှုဖြစ်ခဲ့ကာ မီးခိုးမွှန်တဲ့အခြေအနေကို တွေ့ကြုံခဲ့ကြပါတယ်။

တိုကျိုအလယ်ပိုင်းရှိ လူစည်ကားရာဘူတာရုံတစ်ခုအရောက်မှာ အတွဲ ၁၀ တွဲပါတဲ့ရထားရဲ့ ပြတင်းပေါက်တွေကနေ ခရီးသည်တွေက အလုအယက်ထွက်လာခဲ့ကြပါတယ်။
မျက်မြင်တွေ့ခဲ့တဲ့လူတွေရဲ့ ပြောကြားချက်အရ ထိုလူဟာရထားပေါ်မှာ မီးဖိုချောင်သုံးဓားတစ်ချောင်းနဲ့ ဝှေ့ယမ်းနေပြီး နောက်လက်တစ်ဖက်က ပလတ်စတစ်ဗူးတစ်ခု ကိုင်ထားတယ်လို့ သိရပါတယ်။

ရထားတွဲ ၈ တွဲမြောက်ကနေ စီးလာပြီး အသက် ၇၀ အရွယ်ခန့်လူတစ်ယောက်ကို ဓားနဲ့ထိုးခဲ့ပါတယ်။
အဲဒီနောက် ၆ တွဲမြောက်ကိုသွားကာ ထိုင်ခုံတစ်ခုကို အရည်နဲ့လောင်းပြီး မီးရှိခဲ့တာကြောင့် မီးခိုးတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

Hattori နဲ့ ၁ မီတာအကွာအဝေးလောက်မှာရှိခဲ့တဲ့ အမျိုးသားတစ်ဦးက "ဓားကိုကြည့်ရတာ သွေးအတုတွေစွန်းနေသလိုပဲ။ ဒါကြောင့် ဟောလိုဝင်းပုံစံ လုပ်နေတယ်လို့ပဲထင်ခဲ့တာ"လို့ ပြောပါတယ်။
ဒီရထားဟာ တိုကျိုအနောက်ပိုင်းက ဘူတာရုံတစ်ခုမှာ အရေးပေါ်ရပ်နားခဲ့ရပြီး မီးသတ်ကားအစီး ၄၀ ခန့်လာလိုအပြီး မိနစ် ၃၀ အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။

ဒီအခင်းဟာ ဂျပန်နိုင်ငံရွေးကောက်ပွဲနေ့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်တွေ့မြင်ခဲ့ကြတဲ့သူတွေက ဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်ထားကြပါတယ်။

တရားခံရှိနေတဲ့ ရထားတွဲကို ရဲအရာရှိတွေဝင်ရောက်သွားပြီး ထိုလူကိုဖမ်းဆီးထိန်းသိမ်းရာမှာ ခုခံခြင်းတွေမပြုလုပ်ခဲ့ဘူးလို့ ပြောနေကြပါတယ်။
တိုကျိုရှိ မီးရထားတွေနဲ့ ဘူတာရုံတွေမှာ အခုတလောတိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။
Source: Kyodo News