#World_Science
Published_ 29 May 2023

ကမ္ဘာမြေပြင်ပမှ သက်ရှိများကိုရှာဖွေနေတဲ့အချိန်မှာပဲ အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ကျရောက်လာတဲ့ ပထမဆုံးဂြိုဟ်သားအချက်ပြချက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

နောက်ထပ်သက်ရှိကမ္ဘာမှ တကယ့်အချက်ပြချက်တစ်ခုကို လက်ခံရရှိချိန်မှာ ဥရောပအာကာသအေဂျင်စီရဲ့ ExoMars Trace Gas Orbiter (TGO) က ဗုဒ္ဓဟူးနေ့မှာ အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းမှ ကမ္ဘာမြေသို့ ကွယ်ဝှက်ထားတဲ့မက်ဆေ့ချ်ကို ထုတ်လွှင့်ခဲ့ပါတယ်။

သမိုင်းတလျှောက် လူသားမျိုးနွယ်ဟာ စွမ်းအားကြီးမားပြီး ပြောင်းလဲတဲ့ဖြစ်စဉ်အဓိပ္ပာယ်တွေကို ရှာဖွေနေခဲ့ပါတယ်။

ပြင်ပသက်ရှိထံမှ မက်ဆေ့ချ်ရရှိတာဟာ လူသားအားလုံးအတွက် ထူးခြားတဲ့ကူးပြောင်းမှုဖြစ်စဉ်သစ် ဖြစ်နေပါလိမ့်မယ်လို့ ပညာရှင်'ဒန်နီယယ်လာဒီပေါ်လစ်'က ပြောကြားခဲ့ပါတယ်။

ပြင်ပသက်ရှိထံမှလာတဲ့ မက်ဆေ့ချ်ကို ဖြည်ပြီး ဘာသာပြန်နိုင်ဖို့အတွက်ကို နိုင်ငံတကာပညာရှင်များ၊ အာကာသသိပ္ပံပညာရှင်များ၊ အနုပညာရှင်များဖြင့်ဖွဲ့စည်းကာ ပရောဂျက်ဖန်တီးခဲ့ပါတယ်။

ထိုအချက်ပြချက်ကို ပရောဂျက်အစိတ်အပိုင်းအနေနဲ့ ဥရောပစုံစမ်းစစ်ဆေးရေးမှဖြတ်သန်းကာ Green Bank Telescope ၊ Medicina Radio Astronomical Station ၊ Allen Telescope Array ၊ Very Large Array တို့မှ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆေ့ချ်ထဲကအကြောင်းအရာကို ဖြည်ပြီးဘာသာပြန်ဖို့အတွက် တစ်ဦးချင်းစီနဲ့အဖွဲ့လိုက်ကို တောင်းဆိုထားကြောင်း ပရောဂျက်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မက်ဆေ့ချ်ကို ဒီပေါ်လစ်နဲ့ အဖွဲ့က ဘာသာပြန်ရန်ကြိုးပမ်းနေပေမယ့် မသိရှိရသေးပါဘူး။

ဒီစမ်းသပ်ချက်ကနေ SETI အဖွဲ့အနေဖြင့် ပြင်ပသက်ရှိအရာမှ အချက်ပြချက်ကို ဘယ်လိုလက်ခံရရှိသလဲ၊ ဆန်းစစ်အကဲဖြတ်လဲ၊ သိရှိနားလည်သလဲဆိုတာကို အတူတကွလုပ်ဆောင်ကြပုံကို မြင်တွေ့နိုင်ကြောင်း ပရောဂျက်သိပ္ပံပညာရှင် ဒေါက်တာ'ဝေလ်ဖာရာ'က ပြောပြခဲ့ပါတယ်။

ဂြိုဟ်သားတွေနဲ့ ဆက်သွယ်ရာမှာ နက္ခတ္တပညာအပြင် အသိပညာကျယ်ကျယ်ပြန့်ပြန့်ရှိဖို့ လိုအပ်ကြောင်း၊ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်ဖို့ ကနဦးခြေလှမ်းလှမ်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ရှင်းပြသွားပါတယ်။
Source: India Today
#World_Science #အင်္ဂါဂြိုဟ် #ဂြိုဟ်သားအချက်ပြချက်လက်ခံရရှိ
#YMG #Yangon_Media_Group