#World_Health
Published 28 May 2023


လူတွေက အိပ်စက်ခြင်းအစောဆုံးအဆင့်ကနေ နိုးလာတယ်ဆိုရင် ပိုပြီးဖန်တီးနိုင်စွမ်းပိုကောင်းကြောင်း MIT သုတေသီတွေက လေ့လာဖော်ပြခဲ့ပါတယ်။

 

စတင်အိပ်ပျော်တဲ့အချိန်နဲ့ နိုးကြားချိန်ကြားရှိအဆင့်ကို ရောက်နေတဲ့အချိန်မှာ စိတ်ကူးစိတ်သန်းကောင်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

 

ထိုအဆင့်မှာ အိပ်မက်မက်မယ်ဆိုရင် ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး ဖန်တီးမှု ၃ ခုလောက်အထိ လုပ်ခိုင်းမယ်ဆိုရင် ပိုပြီးစိတ်ကူးဉာဏ်ရလာတတ်ပါတယ်။

 

အိပ်မက်ဖြစ်ပေါ်တဲ့အချိန်နိုးတဲ့လူတွေဟာ တစ်ရေးအိပ်သူတွေ လုံးဝမအိပ်သူတွေထက် ပိုမိုဖန်တီးနိုင်စွမ်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

 

ထိုတွေ့ရှိချက်များအရ အိပ်မက်အဆင့်ဟာ ကွဲပြားနေတဲ့အယူအဆများကြား ဦးနှောက်ကိုချိတ်ဆက်စေကာ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

 

အိပ်စက်ခြင်းနဲ့ ဖန်တီးနိုင်စွမ်းတို့ကြားဆက်စပ်မှုကို N1 လို့ခေါ်ဆိုကြောင်း ဦးဆောင်သုတေသီဖြစ်တဲ့ 'အဒမ်ဟားဟိုရိုဝစ်ဇ်'က ပြောကြားခဲ့ပါတယ်။

 

ဒီဆက်စပ်မှုက လူတွေရဲ့အိပ်မက်အကြောင်းအရာကို လမ်းညွှန်ပေးခြင်းရှိ/မရှိ၊ ဖန်တီးနိုင်စွမ်းအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကို လေ့လာချင်ခဲ့ကြပါတယ်။

 

ဒီအတွက် ဒေါ်မီယိုလို့ခေါ်တဲ့ ကိရိယာဖြင့် အိပ်မက်ဖြစ်ပေါ်မှုအဆင့်ကို ပစ်မှတ်ထားလိုက်ပါတယ်။

 

ကြွက်သားလှုပ်ရှားမှု၊ နှလုံးခုန်နှုန်း၊ အရေပြားထိတွေ့မှုတို့မှာ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ဇီဝကမ္မဖြစ်စဉ်အမှတ်အသား ၃ ခုကို စမတ်ဖုန်း၊ ကွန်ပျူတာများဖြင့်ချိတ်ဆက်တဲ့ လက်အိတ်ဖြင့် တိုင်းတာခဲ့ပါတယ်။

 

ပါဝင်စမ်းသပ်ခံသူ ၄၉ ဦးကို လက်အိတ်ဝတ်ခိုင်းကာ အိပ်စက်စေခဲ့ပါတယ်။

 

N1 အဆင့်ကိုရောက်ရှိတာနဲ့ အက်ပလီကေးရှင်းကနေ တစ်စုံတစ်ခုအကြောင်း အိပ်မက်မက်စေဖို့ လှုံ့ဆော်လိုက်ပါတယ်။

 

နောက်ထပ်အိပ်စက်ခြင်းအဆင့်သို့ မကူးပြောင်းခင် အက်ပလီကေးရှင်းက နှိုးလိုက်ပြီး အိပ်မက်အကြောင်းမေးမြန်းကာ တုန့်ပြန်မှုများကို မှတ်သားလိုက်ပါတယ်။

 

၄၅ မိနစ်တိုင်အောင် အိပ်စက်တဲ့သူတွေက ဖန်တီးနိုင်မှုစွမ်းရည်အကောင်းဆုံး ရရှိခဲ့ကြောင်း ရလဒ်တွေကဖော်ပြနေပါတယ်။

 

နိုးကြားနေတဲ့အချိန်တွေမှာ မရရှိတဲ့စိတ်ကူးတွေကို စတင်အိပ်စက်ချိန်အတွင်း ဦးနှောက်ကယူဆောင်လာပေးပါတယ်။

 

Source: WION #World_Health ##အိပ်စက်ခြင်းနှင့်စိတ်ကူးဖန်တီးနိုင်စွမ်း #သိပ္ပံပညာရှင်များလေ့လာဖော်ထုတ် #YMG #Yangon_Media_Group