#World_Health
Published_ 17 April 2023

မနက်အိပ်ရာထတဲ့အချိန်မှာ နှာချေနေတာမျိုး ကြုံဖူးကြမှာပါ။

ဒီလိုအချိန်မှာ ဆက်တိုက်နှာချေနေတယ်ဆိုတာ အကြောင်းအရာအမျိုးမျိုးစုံလို့ ဖြစ်ပျက်တတ်တာပါ။

နှာချေခြင်းဆိုတာက နှာခေါင်းပေါက်မှ အမှုန်အမွှားတွေကို ရှင်းထုတ်လိုက်တဲ့ တုန့်ပြန်မှုကြီးတစ်ခုဖြစ်တယ်လို့ မွမ်ဘိုင်း ဘာတီယာဆေးရုံမှ နားနှာခေါင်းလည်ချောင်းခွဲစိတ်ဆရာဝန် ဒေါက်တာ'အန်နာမီကာရာထို'က indiatoday.in ကို ပြောကြားခဲ့ပါတယ်။

အိပ်နေတဲ့အခါ အမှုန်အမွှားတွေ၊ အမျှင်တွေ၊ မှိုပေါက်တွေ၊ အနံ့အသက်တွေ စတာတွေနဲ့ ထိတွေ့ရပါတယ်။

ထိုအရာတွေနဲ့ ညဘက်မှာအချိန်ကြာမြင့်စွာထိတွေ့နေတဲ့အခါ နှာခေါင်းဝမှာ ရောင်ရမ်းပြီး အိပ်ရာထတာနဲ့ ထိုအမှုန်တွေကိုခါထုတ်ဖို့ နှာချေကြပါတယ်။

အချွဲတွေရဲ့ အမျှင်ရွေ့လျားမှုတွေကို ပြန်လည်တည်ဆောက်တဲ့ သဘာဝလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး မနက်ခင်းမှာ လေထုထဲ ဝတ်မှုံပါဝင်မှုလည်း များပြားတယ်လို့ရှင်းပြပါတယ်။

နှာချေတဲ့ဖြစ်စဉ်က နှာခေါင်းအတွင်းကို ရှင်းလင်းလိုက်တဲ့သဘောဖြစ်ကြောင်း ဒေါက်တာ'ကာလ်ဒိကူမာဂရိုဗာ'က ပြောပြခဲ့ပါတယ်။

နှာချေတယ်ဆိုတာဟာ အသက်ရှူလမ်းကြောင်းထဲက အမှုန်တွေ၊ အငွေ့တွေ၊ ပြင်ပအရာတွေက နှာခေါင်းနဲ့ နှာခေါင်းလည်ချောင်းလမ်းမှာ ရှိနေတဲ့သဘောဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရင်းကတော့ အပူချိန်ပြောင်းလဲတာကြောင့်ပါ။

အိပ်တဲ့အချိန်မှာ နွေးနွေးထွေးထွေးရှိနေရာကနေ အိပ်ရာထတဲ့အချိန်မှာ အပူချိန်အေးတာမျိုးနဲ့ ရုတ်တရက်ထိတွေ့မိကြပါတယ်။

ဒါ့အပြင် လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲမှာ အိပ်စက်ခြင်းဖြင့် ခြောက်သွေ့သောလေကနေ အမှုန်ဖတ်လေးတွေဖြစ်ပေါ်ကာ နှာချေခြင်းကို လှုံ့ဆော်စေပါတယ်။

နောက်တစ်မျိုးကတော့ ထိန်လင်းတဲ့အလင်းရောင် နေရောင်တို့နဲ့ထိတွေ့ရာကနေ နှာချေတာဖြစ်ပြီး ဒါကတော့ ထိန်းချုပ်ရခက်ခဲပါတယ်။

ချက်ချင်းကြီး အအေးနဲ့မထိတွေ့မိအောင် အိပ်ရာထတဲ့အခါ လေအေးပေးစက် ပန်ကာတို့ကို ပိတ်သင့်ပါတယ်။

ဒါ့အပြင် ခေါင်းအုံး စောင် မွေ့ရာတို့ကို သန့်ရှင်းအောင်ထားဖို့လည်း လိုအပ်ပါတယ်။
Source: India Today
#World_Health #မနက်ခင်း #အိပ်ရာထထချင်းဘာကြောင့်နှာချေတတ်ကြသလဲ
#YMG #Yangon_Media_Group