Published 15 April 2023

'ချူယျူချွန်'ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြောက်ပိုင်း ပီနန်ကျွန်းမှ ဝါရင့်သုံးဘီးဆိုက်ကားပြုလုပ်သူဖြစ်ပြီး ပျောက်ကွယ်လုဆဲသုံးဘီးတွေကို ထုတ်လုပ်နေသေးတဲ့ နောက်ဆုံးလူဖြစ်ပါတယ်။

ဒါပေမဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း အနားယူဖို့လည်း ရည်ရွယ်နေပါပြီ။

သုံးဘီးဆိုက်ကားတွေဟာ မလေးရှားမှာအရင်တုန်းက နေရာအနှံ့မှာ လူစီးများတဲ့ယာဉ်ဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ခေတ်မီပို့ဆောင်ရေးစနစ်များ ပေါ်ထွန်းလာချိန်မှာတော့ သုံးဘီးဆိုက်ကားတွေ မတွင်ကျယ်တော့ပါဘူး။

Source AFP

 

#မလေးရှားသုံးဘီးဆိုက်ကား

#ပီနန်သုံးဘီးဆိုက်ကားပြုလုပ်သူ

#YangonMediaGroup