#World_Health
Published 20 January 2023

 

ဆေးဘက်ဆိုင်ရာနဲ့ နည်းပညာတိုးတက်လာတဲ့အလျောက် ပိုမိုအဆင့်မြင့်ပြီး ထိရောက်မှုရှိတဲ့ ကင်ဆာကုသနည်းတွေကို သိပ္ပံပညာရှင်များ ရှာဖွေထုတ်လုပ်လာကြရာ အာလူးနဲ့ ခရမ်းချဉ်သီးကဲ့သို့ ဟင်းသီးဟင်းရွက်တို့မှာပါဝင်တဲ့ ဂလိုင်ကိုအယ်ကာလွိုက်တွေဟာ ကင်ဆာကုသရာမှာ ထိရောက်နိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

 

ကမ္ဘာတဝှမ်းမှ သိပ္ပံပညာရှင်တွေဟာ ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်စေဘဲ ကင်ဆာဆဲလ်တွေကိုသာ သေစေနိုင်မယ့် ဆေးတွေကို ဖော်ထုတ်နေကြဆဲပါ။

 

ဆိုလာနင်အပင်မျိုးနွယ်မှ အစိမ်းလိုက်ဟင်းသီးဟင်းရွက်တွေမှာ အရွက်စားသတ္တဝါတွေအတွက် အကာအကွယ်ဖြစ်စေတဲ့ အယ်ကာလွိုက်အဆိပ်တွေပါဝင်ကာ ဒီအဆိပ်ဓာတ်ကို သင့်တင့်မျှတစွာ အသုံးပြုနိုင်ရင် ဆေးဘက်ဝင်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ဂလိုင်ကိုအယ်ကာလွိုက်တွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးနိုင်တာကြောင့် အနာဂတ်မှာ သတ်ပစ်နိုင်သည်အထိ ထုတ်လုပ်နိုင်ဖွယ်ရှိပါတယ်။

 

ကွန်ပျူတာပုံစံတူစမ်းသပ်ချက်အတွင်း ဂလိုင်ကိုအယ်ကာလွိုက်ဟာ အဆိပ်မဖြစ်စေဘဲ အကျိတ်ထပ်မံမဖြစ်ပေါ်အောင် ပြုလုပ်ပေးပါတယ်။

 

လူသားတွေမှာ ဘေးကင်းစိတ်ချရတဲ့ ဂလိုင်ကိုအယ်ကာလွိုက်အမျိုးအစားတွေကို စမ်းသပ်ကြရာမှာ အာလူးမှာတွေ့ရတဲ့ ဆိုလာနင်နဲ့ ချာကိုနင်တို့ကို တွေ့ရှိခဲ့ကြပါတယ်။

 

အာလူးမျိုးနွယ်ကွဲနဲ့ အလင်းရောင်အပူချိန်ထိတွေ့မှု ကွဲပြားချက်ပေါ်မူတည်ပြီး ပါဝင်တဲ့ဓာတ်ပမာဏ ကွာခြားတတ်ပါတယ်။

 

ဆိုလာနင်ဓာတ်က ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်စေတဲ့ဒြပ်ပေါင်း ဖြစ်ပေါ်ခြင်းကို တားဆီးပေးပြီး သင့်လျော်တဲ့ပမာဏသုံးစွဲခြင်းဖြင့် သွေးကင်ဆာဆဲလ်တွေထဲက ကင်ဆာဆဲလ်တွေကိုပင် သေစေနိုင်ပါတယ်။ ချာကိုနင်ကတော့ ရောင်ရမ်းခြင်းကိုဆန့်ကျင်တဲ့ အာနိသင်ရှိပြီး သွေးဆိပ်သင့်ခြင်းကို ကုသနိုင်ပါတယ်။

 

ခရမ်းချဉ်သီးမှာပါဝင်တဲ့ တိုမာတင်ဓာတ်က ဆဲလ်စက်ဝန်းကို ထိန်းညှိပေးကာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တာကြောင့် ဆေးလောကမှာ အသုံးဝင်လာဖွယ်ရှိနေပါတယ်။

 

အဆိုပါဒြပ်ပေါင်းတွေကို လက်တွေ့ထိရောက်အောင် အသုံးချနိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမယ်လို့ သုတေသီများက ဆိုပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group