#Local_Sport
Published_ 31 August 2023


နယူးကာဆယ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတဲ့လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ကို မသင့်မလျော်တုံ့ပြန်ပြုမူမှုနဲ့ FA ကစွဲချက်တင်လိုက်ပါတယ်။

 

VAR နဲ့ဒီဖြစ်စဉ်ကို ပြန်ကြည်ရာမှာ ဗန်ဒိုက်က ဒိုင်လူကြီး ဒေးဗစ်ဘရွက်ကို ပြန်လည်ငြင်းခုံ အော်ဟစ်စောဒကတက်ခဲ့ပြီး စော်ကားတဲ့ အသုံးအနှုန်းတွေ ပြောဆိုခဲ့တယ်လို့ တွေ့ရှိရတာကြောင့် အခုလိုစွဲချက်တင်တာလို့ဆိုပါတယ်။ဗန်ဒိုက်ကအလိုအလျှောက်တစ်ပွဲပယ်ခံရပြီး အခုလိုစွဲချက်တင်ခံရတာကြောင့် နောက်ထပ် ထပ်မံပွဲပယ်ပြစ်ဒဏ်တွေ ခံရဖွယ်ရှိနေပါတယ်။

 

လက်ရှိမှာ လီဗာပူးခံစစ်မှူး ကိုနာတေး ကလဲ ဒဏ်ရာရနေတာကြောင့် လာမယ့်ပွဲစဉ်တွေမှာခံစစ်ကြောင်း အခက်အခဲတွေ့ရဖွယ်ရှိနေတာပါ။လက်ရှိအသင်းရဲ့ဗဟိုခံစစ်မှာ မာတစ်၊ ဂိုမက်ဇ်နဲ့ နက်ဖိလစ်တို့ပဲရှိနေပြီး ဖိလစ်က ဆဲလ်တစ် ကိုအငှားသွားကစားမှာဖြစ်ပါတယ်။

 

ကိုနာတေးက တော့ဆော်ဒီကို ပြောင်းရွှေ့ကစားဖို့ကမ်းလှမ်းခံရပေမယ့် ငြင်းပယ်ထားတယ်လို့သိရပါတယ်။အခြားသတင်းတစ်ရပ်မှာတော့ လီဗာပူးဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗန်ဘတ်ခ်ျကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

 

လီဗာပူးဟာ ကာရာဘောင်းဖလားတတိယဆင့်မှာလက်စတာကိုအိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဗီလာနဲ့အိမ်ကွင်းမှာပဲ ဆုံတွေ့ယှဉ်ပြိုင်ရမှာပါ။

 

#Local_Sport #လီဗာပူးနောက်ခံလူ #ဗန်ဒိုက်ကိုစွဲချက်တင်လိုက်တဲ့FA
#Ref ;fotmob