#Local_Sport
Published_ 28 August 2023


အသင်းပြောင်းရွှေ့သွားသော တိုက်စစ်မှူးဟယ်ရီကိန်း၏ နေရာကိုစုပေါင်းအားဖြင့် ဖြည့်ဆည်း ကစားရမည်ဟု စပါးကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကပြောကြားခဲ့သည်။ မက်ဒီဆင်သည် ရာသီမစမီက အသင်းပြောင်းရွှေ့သွားသော ဟယ်ရီကိန်း၏ နံပတ် ၁၀ကိုဝတ်ဆင်ပြီး ခြေစွမ်းပြကစားလျက်ရှိသည်။

 

ကိန်းထွက်ခွာသွားသော်လည်း နည်းပြပိုစတီ ဂလူ၏စပါးအသင်းမှာခြေချော်မသွားပဲ ခြေစွမ်းကောင်းမွန်လျက်ရှိနေကာ မက်ဒီဆင်မှာလည်းခြေစွမ်းပြဂိုးဖန်တီးမှုများ ပြုလုပ်နေပြီး ဘုန်းမောက်နှင့်ပွဲစဉ်တွင် စပါးအတွက်၎င်း၏ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့သည်။

 

တိုက်စစ်ကစားသမားများဖြစ်သော ဆွန်ဟောင် မင်နှင့်ရစ်ချာလီဆင်တို့မှာယခုရာသီတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ကူလူဆက်စကီးမှာဘုန်းမောက်နှင့်ပွဲစဉ်တွင် ဒုတိယ ဂိုးသွင်းယူနိုင်ခြင်းဖြင့် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့သည်။

 

"ကိန်းကကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးထဲက တစ်ယောက်ပါ၊သူ့လို ဂိုးသွင်းယူမှုကိုအစားထိုးဖို့မလွယ်ပါဘူး။ အားလုံး စုပေါင်းလုပ်ဆောင်မှာပါ" ဟု မက်ဒီဆင်ကဆိုခဲ့သည်။နည်းပြသစ် ပိုစတီကို ဂလူ၏ နည်းစနစ်ပိုင်းကလည်းရာသီအစတွင် အသင်းရလဒ်ကောင်းမှန်ခြင်း၏အကြောင်းရင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

Ref:fotmob
#Yangon_Times
#Local_Sport #ဟယ်ရီကိန်း #မက်ဒီဆင်