Published 20 November 2023

နယ်စပ်ဒေသများတွင် နိုဝင်ဘာလ ၁၉ ရက်ထိ တရားမဝင်နေထိုင်‌သော တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို ဖော်ထုတ်ရရှိခဲ့သောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လွှဲပြောင်းရာတွင်တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦး ဖြစ်ကြောင်း၊အလားတူအချို့သော ပြည်ပနိုင်ငံသားများ အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိ၍ စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်းဒေသအတွင်း တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News