Published 21 May 2023

တရုတ်နိုင်ငံ  ရှန်စီတီးမှာ ကျင်းပခဲ့တဲ့ တရုတ်နှင့် အလယ်အာရှထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံ (၅)နိုင်ငံတို့ဟာ ကြေညာစာတမ်းတစ်ခုကိုလက်မှတ်ရေးထိုးလိုက်ကြပြီး ကျယ်ပြန့်တဲ့ဆက်ဆံရေးတွေမြှင့်တင်ကြဖို့ သဘောတူခဲ့ကြတယ်လို့သိရပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အလယ်အာရှ(၅)နိုင်ငံက သမ္မတတွေဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ရှန်ရှီပြည်နယ် မြို့တော်မှာ ကျင်းပတဲ့ တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးအပြီးမှာ ရှန်ကြေညာစာတမ်းကို လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နှင့် အလယ်အာရှနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းမှုရှိတယ်လို့ ကြေညာ စာတမ်းမှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ ခေါင်းဆောင်တွေဟာ နှစ်ဘက်အကြား တူညီမျှဝေတဲ့အနာဂတ်တစ်ခုအတွက် အသို်ကအဝန်းတစ်ခုတည်ထောင်ဖို့ သဘောတူခဲ့ကြပါတယ်။

Source CCTV+

 

#YangonMediaGroup

#တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေး

#တရုတ်နိုင်ငံရေး